မုံရွာမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေး

 

မုံရွာမြို့တွင် ယာယီနေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေး

 

မုံရွာ  မေ  ၇

    အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ ဝယ်ယူခဲ့သည့် အရန်ဆန်အိတ်များအနက် မုံရွာခရိုင်အတွင်းရှိ ယာယီ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ ပေးအပ်ခြင်းကို မေလ ၄  ရက်မှစတင်ပြီး မုံရွာမြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ ၌ပေးအပ်လျက်ရှိရာ  မေလ ၇ ရက်အထိ  လူဦးရေ ၂၂၉၃ ဦးအတွက် စုစုပေါင်းဆန် ၂၁၄၉ အိတ်၊ ၁၆ ပြည်၊ လေးဘူးထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း   မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေး အဖွဲ့ထံမှ   သိရသည်။

ရိက္ခာဆန်များ ထောက်ပံ့ပေးရာတွင် မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေး အဖွဲ့ဝင်များက  သက်ဆိုင်ရာဌာန ကိုယ်စားလှယ် တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ် ရေးကတ်၊ နိုင်ငံသားမှတ်ပုံတင် စိစစ်ရေးကတ် များဖြင့် တိုက်ဆိုင်စစ်ဆေး မှတ်တမ်းထားရှိခြင်း၊ နေ့စဉ်ခွဲဝေပြီးစီးမှု အခြေအနေများအား စာရင်းရှိ၊ ထုတ်ဝေပြီးစီးမှု၊ လက်ကျန်စာရင်း ရေးဆွဲ၍  စနစ်တကျ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

မုံရွာခရိုင်အတွင်း  မုံရွာ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့်လေးမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ၅၉၅၆ ဦးရှိသည့် အနက် ယာယီနေရပ်စွန့်ခွာသူ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း ၂၂၉၃ ဦးတို့အား တစ်ဦးလျှင် တစ်ရက်နို့ဆီဘူးနှစ်ဘူးနှုန်းဖြင့် သုံးလစာအား ပထမအကြိမ် စတင်ထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ပြီး  မုံရွာမြို့ပေါ်အတွင်း သက်ဆိုင်ရာရပ်ကွက်များတွင် ကျန်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ ၃၆၆၃ ဦးအတွက် ဆန်လက်ခံရရှိသည့်အခါ ဒုတိယအကြိမ် အဖြစ် မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေး အဖွဲ့မှ   ဆက်လက်ထောက်ပံ့ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။