စလင်းမြို့စည်ပင်သာယာဈေးအတွင်း အပြင်၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် တားမြစ် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိကွင်းဆင်းစစ်ဆေး

စလင်းမြို့စည်ပင်သာယာဈေးအတွင်း အပြင်၌ သက်တမ်းလွန် စားသောက်ကုန်များနှင့် တားမြစ် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ မရှိကွင်းဆင်းစစ်ဆေး

စလင်း မေ ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စည်ပင်သာယာဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်နှင့် မုန့်ဆိုင်များကို ဈေးကွက်အတွင်းစားသုံးရန်မသင့်သည့် သက်တမ်းလွန် စားသောက် ကုန်များနှင့် တားမြစ်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို    မကွေးတိုင်းဒေသကြီး   အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ မေလ ၂၁ ရက်တွင် ဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)တာဝန်ခံ  ဒေါက်တာစိုင်းမင်းသူထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီး ဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့ ပူးပေါင်း၍ အသိပညာပေးရှင်းလင်း ပြောကြားကြသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်အညီ ပို့ကုန်၊  သွင်းကုန်ပစ္စည်းများအား   ဈေးကွက်နမူနာကောက်ယူ၍ ကုန်ပစ္စည်း အမှတ်တံဆိပ်၊ ရက်လွန်၊ လလွန်၊    သက်တမ်းလွန်နှင့် တားမြစ်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း မရှိစေရန် အသိပညာပေးခြင်းဖြင့် စားသုံးရန်မသင့်သည့် ကုန်ပစ္စည်းများအား    ဈေးကွက်အတွင်းရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပထမခြောက်လပတ် ကုန်ပစ္စည်းနှင့်  အစားအသောက်များကို စစ်ဆေးခဲ့ရာတွင်  စားသုံးရန် မသင့် ကုန်ပစ္စည်း ၁၉ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဒုတိယခြောက်လပတ်တွင် အစားအသောက် ကုန်ပစ္စည်းများ ဓာတ်ခွဲစစ်ဆေးခဲ့သော ကုန်ပစ္စည်းများအနက် ကုန်ပစ္စည်း ၁၄ မျိုးကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။

မောင်လွင်(စလင်း)