တိုင်းဒေသကြီးအဆင့်စီမံကိန်းများ လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

တိုင်းဒေသကြီးအဆင့်စီမံကိန်းများ လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ

ရန်ကုန်၊ လူမှုရေး

တိုင်းဒေသကြီးအဆင့်   စီမံကိန်းများ လုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို မေလ ၂၀ ရက်က  ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပ သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက   အဖွင့်အမှာ စကားပြောကြားရာတွင်  စီမံကိန်းလုပ်ငန်းများသုံးသပ်ဆွေး နွေးပွဲနှင့်ပတ်သက်၍ ကျေးလက်နေပြည် သူများ၏ မိသားစုဝင်ငွေတိုးပွားရေးမှ တစ်ဆင့် နိုင်ငံ့စီးပွားရေးကိုပါ တစ်ဖက် တစ်လမ်းမှ အထောက် အကူပေးနေသည့် စီမံကိန်းများဆောင်ရွက်နိုင်ရန် ယခုထက်ပိုမိုထိရောက်သော နည်းလမ်းများ ပေါ်ထွက် လာစေရေး   တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိများ အနေဖြင့်ဆွေးနွေးပေးကြပြီး အမြင်ချင်းဖလှယ်ကာ ကောင်းမွန်သောအကြံဉာဏ်များ ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနဦးစီးမှူး ဦးကျော်လင်းသန်းက မိမိဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်   စီမံကိန်းများ ဆောင်ရွက် နေမှုကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်း တင်ပြမှု အပေါ် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သော သက်ဆိုင် ရာဦးစီးဌာနများမှ တာဝန်ရှိသူတို့က စီမံ ကိန်းလုပ်ငန်းများအပေါ် အကြံပြုဆွေးနွေးပြီး တိုင်းဒေသကြီးဦးစီးမှူးက သုံးသပ် ဆွေးနွေးကြောင်း သိရသည်။   

ချမ်းမြေ့