တရားမဝင်သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၂၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မေလ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့၌ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၅၈၈)တန်၊ အခြားသစ် (သုည ဒသမ ၄၇၁)တန်၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၈၂၆၀၃)ကိုဖမ်းဆီးရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ   အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင် ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်ပုတီးလုံး (၂၄၆၀)ကီလိုဂရမ်နှင့် ကျောက်စိမ်း တုံးကြမ်း ဆိုဒ်စုံ (၂၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၁၀၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Isuzu Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ ပြင်စာရွာအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟုယူဆရသော ကျောက်ပုတီးလုံး (၉၈)ကီလို ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့်  Toyota Crown (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌ မော်တော် ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ်  Galvanized Iron Pipe ကီလိုဂရမ် (၁၀၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀၀)နှင့်   အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Howo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၁၀၀၀၀၀၀)ကိုလည်းကောင်း၊ ရတနာပုံတံတား (မန္တလေး)ပူးပေါင်း စစ်ဆေးရေး စခန်း၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြ နိုင်ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် IFFCO ဓာတ်မြေသြဇာ (၄၅)ကီလိုဂရမ်ပါ (၁၀၀၀)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Nissan Diesel Truck  (၂)စီး  (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၆၀၀၀၀၀၀)ကိုလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၂၅၃၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူ ဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေလ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် အခြားသစ် (သုည ဒသမ ၇၉၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၈၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မေလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၄၂၀၂၄၄၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ မှ သိရသည်။    

 (သတင်းစဉ်)