သွေးချိုဆီးချိုရောဂါရှိသူများ သတိပြုစရာ ဗီတာမင် B12 ချို့တဲ့ခြင်းပြဿနာ

 

သွေးချိုဆီးချိုရောဂါရှိသူများ သတိပြုစရာ ဗီတာမင် B12 ချို့တဲ့ခြင်းပြဿနာ

ဗီတာမင် B12 သည်  ကျန်းမာရေး အတွက် အရေးကြီးသောအာဟာရတစ်ခု ဖြစ်ပါသည်။  လူတို့၏ခန္ဓာကိုယ်ရှိအာရုံ ကြောများ    ကျန်းမာသန်စွမ်းစေရန်၊

ဦးနှောက်၏ ပုံမှန်လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်၊ ကျန်းမာသောသွေးနီဥဆဲလ် များ လုံလောက်စွာထုတ်လုပ်ရန်နှင့် ဆဲလ် အားလုံးရှိ မျိုးရိုးဗီဇပစ္စည်းများကို ဖန်တီး ရန် ဗီတာမင် B12 လိုအပ်ပါသည်။ အမျိုး အစား  (၂)  သွေးချိုဆီးချိုလူနာများတွင် ဗီတာမင် B12 ချို့တဲ့လျှင် သွေးအားနည်း ခြင်း၊  အာရုံကြော ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်လျော့ကျမှုကို တိုးမြင့်စေပြီး  အာရုံကြောဆိုင်ရာရောဂါ လက္ခဏာများကို  ပိုမိုဆိုးရွားစေကြောင်း တွေ့ရှိရပါသည်။ သုတေသနမှတ်တမ်းများအရ  သွေးချိုဆီးချိုရောဂါကုသရာတွင် အသုံးပြုသော Metformin ဆေးကို ကြာရှည်စွာ သောက်ရသောလူနာများ၏ ၁၀ - ၃၀ ရာခိုင်နှုန်းသည် ဗီတာမင် B12 ချို့တဲ့ခြင်း လက္ခဏာများကို   ခံစားနေရကြောင်း တွေ့ရှိရသည်။  နြအ်သမာငည ၁၅၀၀ မီလီဂရမ်ကို လေးနှစ်ထက် ပိုသောက်သူများတွင် ဗီတာမင် B12 ချို့တဲ့မှုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ပြင် ဗီတာမင်  B12 လျော့နည်းသော အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါရှိသူလူနာများတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုနှင့်ဆက်စပ်နေကြောင်း   တွေ့ရ သည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိသူ အမျိုးသမီးများတွင် ဗီတာမင် B12 ချို့တဲ့ပါက ကလေးများတွင် အာရုံကြောချို့ယွင်း ခြင်း၊  ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် သွေးအားနည်းခြင်းတို့ကို   ဖြစ်စေနိုင်ပါသည်။

ဗီတာမင်  B12 ချို့တဲ့ရခြင်း၏ အကြောင်းရင်းများ 

ဗီတာမင် B12 သည် ရေတွင်ပျော်ဝင် နိုင်သော ဗီတာမင်တစ်မျိုးဖြစ်ပြီး လူတစ်ဦး၏သွေးထဲတွင် ပုံမှန်အားဖြင့်  (၂၀၀ မှ ၉၀၀ pg/mL) ရှိရန်လိုအပ်ပါသည်။ သွေး ထဲတွင် B12 ပမာဏ ၂၀၀ pg/mL ထက် နည်းပါက ဗီတာမင် B12 ချို့တဲ့နေသည် ဟုသတ်မှတ်ပါသည်။ အစားအစာများတွင် ပါရှိသော ဗီတာမင် B12 ကို အစာအိမ်မှ ထုတ်လုပ်သည့်  Intrinsic factor ဟုခေါ်သော ပရိုတင်းဓာတ်အကူအညီဖြင့် အစာအိမ်နှင့် အူသိမ်အတွင်းမှ စုပ်ယူပါသည်။ ထို့ကြောင့်  အစားအစာတွင်  ဗီတာမင် B12 လုံလောက်စွာမပါရှိခြင်း၊ အစာအိမ် မှထုတ်လုပ်သည့် Intrinsic factor ဟု ခေါ်သော ပရိုတင်းဓာတ်ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်မှကောင်းစွာ စုပ်ယူနိုင်မှုမရှိခြင်း၊ အစာအိမ်နှင့်   အူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိနေခြင်းနှင့်  ခွဲစိတ်ကုသထားခြင်း၊ အစာခြေ လမ်းကြောင်းအတွင်း ဗက်တီးရီးယားများ ကြီးထွားနေခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊  သက်သတ် လွတ်စားခြင်းတို့ကြောင့် ဗီတာမင် B12 ချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။ ထို့ပြင် အချို့ သောဆေးဝါးများ (ဥပမာ- Proton pump inhibitors၊  H2 Receptor ကဲ့သို့သော အစာအိမ်မှထုတ်သော အက်စစ်ပမာဏ ကိုလျှော့ချရန် အသုံးပြုသောဆေးဝါးများ၊ ဆီးချိုဆေး Metformin) ကို ကြာရှည် အသုံးပြုခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဗီတာမင်    B12 ချို့တဲ့ခြင်း၏ လက္ခဏာများ

ဗီတာမင် B12 ချို့တဲ့ခြင်းသည် အမျိုး အစား (၂)  သွေးချိုဆီးချိုရောဂါရှိသူများအတွက် အလွန်ဆိုးရွားသော နောက်ဆက် တွဲဆိုးကျိုးတစ်ခုဖြစ်နိုင်ပါသည်။   အာရုံကြောဆိုင်ရာ လက္ခဏာများဖြစ်သည့် လက်နှင့်ခြေတို့တွင်  ထုံကျဉ်ခြင်း  သို့မဟုတ် ဆေးထိုးအပ်နှင့် ထိုးသကဲ့သို့ ခံစားရခြင်း၊ လမ်းလျှောက်ရန် သို့မဟုတ် စကားပြောရန်ခက်ခဲခြင်း၊  အမြင်အာရုံချို့ယွင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး   ပြန်ကောင်းနိုင်ခြေနည်းပါးသဖြင့်   စောစီးစွာ  ရောဂါရှာဖွေ၍ အချိန်မီကုသရန်   အရေးကြီးပါသည်။ အသက်ကြီးသူများတွင် မှတ်ဉာဏ်ကျဆင်းပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်တတ်သည်။ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း၊ ပန်းသေပန်းညှိုးခြင်း၊  စိတ်တိုခြင်း၊    စိတ်ဓာတ်ကျခြင်း၊  အမြင်အာရုံရှုပ်ထွေးခြင်း၊ အမူအရာပြောင်းလဲခြင်းတို့ ဖြစ်နိုင်သည်။

Megaloblastic Anemia သွေးအား နည်းရောဂါသည်  ဗီတာမင် B12 ချို့တဲ့ခြင်း၏ အမှတ်အသားတစ်ခု ဖြစ်ပါသည်။  ပါးစပ် သို့မဟုတ် လျှာနာခြင်း၊ ပင်ပန်းလွယ် ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကိုခံစား ရခြင်း၊ ပျို့ခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊  ဆာလောင်မှုလျော့နည်း ခြင်း၊  ကိုယ်အလေးချိန်ကျခြင်း၊ နှလုံးခုန် နှုန်းမြန်ခြင်းတို့ဖြစ်နိုင်ပါသည်။

ဗီတာမင်  B12 ချို့တဲ့သော  ရောဂါ ရှာဖွေခြင်းနည်းလမ်းများ

ဗီတာမင် B12 ချို့တဲ့ခြင်းလက္ခဏာများသည် တဖြည်းဖြည်းဖြစ်ပေါ်လာတတ် ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာ နိုင်သည်။ အချို့လူများ၏ခန္ဓာကိုယ်တွင် ဗီတာမင် B12 လျော့နည်းနေသော်လည်း ရောဂါလက္ခဏာများ   ဖြစ်ပေါ်ခြင်း မရှိကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဗီတာ မင် B12 ချို့တဲ့နိုင်ခြေရှိသူများကို သွေးစစ်ဆေးရာတွင် CP (Complete Blood Picture) နှင့် ဗီတာမင် B12  စစ်ဆေးရန် လိုအပ်သည်။

ယခုအခါ အမေရိကန်သွေးချိုဆီးချိုရောဂါအသင်း၏ ကုသရေးလမ်းညွှန်ချက် များတွင် နြအ်သမာငည သောက်နေသော သွေးချိုဆီးချိုလူနာများ၏  ဗီတာမင် B12 ပမာဏကို ပုံမှန်စစ်ဆေးရန်၊ အထူးသဖြင့် သွေးအားနည်းရောဂါ၊ အာရုံကြောရောဂါ ရှိသူများတွင်  နှစ်စဉ်  ဗီတာမင်   B12 ပမာဏကိုစစ်ဆေးရန် အကြံပြုထားပါသည်။

ဗီတာမင်   B12  ချို့တဲ့သောရောဂါကုသမှုနည်းလမ်းများ

 ပုံမှန်အားဖြင့် ဗီတာမင် B12 ချို့တဲ့ခြင်းကို ဗီတာမင် B12 ထိုးဆေးဖြင့် ကုသခြင်းသည်   အကောင်းဆုံးနည်းလမ်းဖြစ် သည်။ ချို့တဲ့မှုဖြစ်စေသောအကြောင်းရင်း ပေါ်မူတည်၍ ဗီတာမင် B12 ပမာဏ ပုံမှန်ဖြစ်စေရန်  ကုသရမည်  သို့မဟုတ်  တစ်သက်တာ  ဗီတာမင်  B12  ကုထုံးကို ခံယူရမည်ဖြစ်သည်။   ဗီတာမင်    B12 ဖြည့်စွက်ဆေးများအနေဖြင့်

(၁) ဗီတာမင် B12သောက်ဆေး။

(၂ ) ဗီတာမင် B12 အကြောထိုးဆေး၊ ကြွက်သားထဲသို့ ထိုးသောဆေး။

(၃) ဗီတာမင် B12  နှာခေါင်းအတွင်း ဖျန်းသောဆေးတို့ ရှိပါသည်။

ဗီတာမင်ဖြည့်စွက်ဆေးများသည် ခွန်အားဖြစ်စေသော အာနိသင်ရှိသောကြောင့် ဗီတာမင် B12 ကို မနက်ခင်းတွင်သောက်လျှင်   ပိုကောင်းပါသည်။  သွေးထဲတွင် ဗီတာမင် B12 ပမာဏလျော့နည်းနေလျှင် သို့မဟုတ်   ပြင်းထန်သောအာရုံကြော ဆိုင်ရာလက္ခဏာများရှိသော  လူနာများ တွင် ဗီတာမင် B12ထိုးဆေးဖြင့် ကုသရ သည်။ ကုသမှု၏အကျိုးသက်ရောက်မှုကို မြင်တွေ့ရန်   အများစုတွင်   လေးလမှ  ခြောက်လခန့်အထိ  ကြာနိုင်သော်လည်း ဆိုးရွားသောအခြေအနေများတွင် တစ်နှစ် အထိ ကြာမြင့်နိုင်ပါသည်။

ဗီတာမင်   B12  ချို့တဲ့မှုကြိုတင်ကာကွယ်ရန် အကြံပြုချက်များ

၁။ Metformin  ကိုရေရှည်သောက်နေသော သွေးချိုဆီးချိုလူနာများ၊ အသက် ၅၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သက်သတ်လွတ်စားသူများနှင့်     ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဗီတာမင် B12 ပါဝင်သော ဖြည့်စွက်အားဆေးများ (Multivitamin) ကို နေ့စဉ်သောက်ရန်လိုအပ်ပါသည်။

၂။ အရက်သောက်ခြင်းကို ရှောင်သင့်ပါသည်။

၃။ အစာအိမ်နှင့်  အူလမ်းကြောင်း ခွဲစိတ်ထားသောလူနာများသည် တစ်နေ့ လျှင် ဗီတာမင် B12  ၅၀၀ မိုက်ခရိုဂရမ် သောက်သင့်ပါသည်။

၄။ အစာအိမ်နှင့်အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများရှိပါက ဆရာဝန်၏ ညွှန်ကြားချက်များကို  သေချာစွာလိုက်နာရန် လိုအပ်ပါသည်။

၅။ ဗီတာမင် B12 ပမာဏတိုးမြင့်စေ ရန် စားသင့်သောအစားအစာများမှာ အမဲသား၊  ကြက်သား၊ ဆယ်လ်မွန်ငါး၊ တူနာ ငါး၊  အဆီနည်းသောနို့၊ ဒိန်ချဉ်နှင့်  ဒိန်ခဲတို့ဖြစ်ပါသည်။

၆။ တစ်နေ့လျှင် နို့ သို့မဟုတ် နို့ထွက် ပစ္စည်း အနည်းဆုံး  နှစ်ကြိမ်မှ  သုံးကြိမ် စားသုံးသင့်ပါသည်။

၇။ ကြက်ဥပုံမှန်စားပေးပါ။  ကြက်ဥပြုတ်တစ်လုံး (၁၀၀ ဂရမ်) တွင် ဗီတာမင် B12 ၁.၁ မိုက်ခရိုဂရမ် ပါဝင်ပါသည်။ ကြက်ဥအနှစ်တွင် ဗီတာမင် B12 ပမာဏပိုများပြီး အူမှစုပ်ယူရန်ပို၍လွယ်ပါသည်။

၈။ ပဲပိစပ်၊ ပဲနို့၊ ဗာဒံစေ့၊ နေကြာစေ့၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ အာလူး၊ မှိုနှင့် ဗီတာမင် B12 ဖြည့်စွက်ထားသော ကောက်နှံအမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အစားအစာများကို ရွေးချယ်စားသုံးသင့်ကြောင်း ရေးသား လိုက်ရပါသည်။

ဒေါက်တာသိင်္ဂီကျော်