သမ္မတပူတင်က မြောက်ကိုရီးယားသို့ တရားဝင်အလည်အပတ်သွားရောက်ရန်စီစဉ်ဟု ရုရှားပြော

 

သမ္မတပူတင်က မြောက်ကိုရီးယားသို့ တရားဝင်အလည်အပတ်သွားရောက်ရန်စီစဉ်ဟု ရုရှားပြော

ရုရှားသမ္မတ   ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားနိုင်ငံသို့   တရားဝင်အလည်အပတ်ခရီးသွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး    သမ္မတပူတင်အား မြောက်ကိုရီးယားသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ် ခဲ့ကြောင်း ပက်စကော့ကပြောကြားသည်။ မြောက်ကိုရီးယားခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို သမ္မတပူတင်က ကျေးဇူးတင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ဆက်ဆံရေးကောင်းမွန်ခြင်းကို ထိန်းသိမ်း ထားသည့်   မိတ်ဖက်နိုင်ငံများ ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က မြောက်ကိုရီးယားနိုင်ငံသို့   ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက   သွားရောက် လည်ပတ်ခဲ့သည်။    အလားတူပင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးချိုဆွန်ဟွီးကလည်း   ရုရှားနိုင်ငံသို့  ယခုနှစ် ဇန်နဝါရီလအတွင်း  လာရောက်ပြီးနောက် သမ္မတပူတင်၏ တရားဝင်ခရီးစဉ် ပြင်ဆင်နေမှု ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။

                               Ref: Sputnik