ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းမိသားစုများ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၄  

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊   ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏  သားသမီးများ ကျောင်းသား၊  ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးရုံး  စုစည်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊  ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊  ကျောင်းသား၊ ကျောင်းသူများနှင့်  ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှတပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား၊ ကျောင်းသူ ၃၅၄၄ ဦးအတွက်   ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ရာ တပ်ဖွဲ့၊ ဦးစီးဌာနအလိုက် ကျောင်းသား၊ ကျောင်းသူများက လက်ခံကြသည်။      

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်        စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ၏မိသားစုဝင် သားသမီးများဖြစ်ကြသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင် ကြားမည့် မူလတန်းကျောင်းသား၊ ကျောင်းသူ ၁၇၇၁ ဦး၊  အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၇၂၈ ဦး၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၇၁၂ ဦး၊ တက္ကသိုလ်ပညာ သင်ကြားမည့် ကျောင်းသား၊  ကျောင်းသူ ၃၃၃ ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ၃၅၄၄ ဦးတို့အား ပညာသင်ထောက်ပံ့ကြေးနှင့်   ကျောင်းသုံးဗလာစာအုပ် ၃၈၁၇၂ အုပ် ငွေကျပ် ၁၃၀၄၈၀၀၀ဝိ/- (ကျပ်တစ်ထောင့်သုံးရာ  လေးသိန်းရှစ်သောင်းတိတိ)တို့ကို ပညာသင်ထောက်ပံ့ကြေး ပထမအကြိမ်အဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။