လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

 

လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

နေပြည်တော်   မေ   ၂၄

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Amazing Auto  Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  DAYUN YUEHU S1 (VIP EDITION) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  BAIC   ARCFOX ALPHA T5 အမျိုးအစား  လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် တရုတ်နိုင်ငံထုတ် ARCFOX အမျိုးအစား လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။