တာချီလိတ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

တာချီလိတ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဇွန် ၇

   မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၆ ရက် ညနေ ၅ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်ဇော်ထွေးကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ မယ်ဟန်ကျေးရွာအနီးတွင် ယော်ဖာဆော်  မောင်းနှင်လာသည့် HONDA  FITအမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water သုည ဒသမ ၂၈ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယော်ဖာဆော် ၂၅  နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။