အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

 

အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

 

    ရန်ကုန်တိုင်းဒေသကြီး  ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းကို ဇွန်လ ၇ ရက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ    Catch-up  နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက်တစ်နှစ်မှ   ငါးနှစ်အရွယ် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော  ကလေးငယ်များနှင့် ကာကွယ်ဆေး   တစ်ကြိမ်မျှ မထိုးနှံရသေးသော ကလေးငယ်များအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အဖွဲ့များခွဲကာ  ၆/အနောက်ရပ်ကွက်၊ ၁/ထူပါရုံ ရပ်ကွက်၊ ၇/အနောက်ရပ်ကွက်၊ ရှုခင်းသာရပ်ကွက်နှင့် (၉)ရပ်ကွက်ရှိ ဆေးထိုးစုရပ်အသီးသီး၌ ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့်   ပိုလီယိုရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံ/တိုက်ကျွေးပေးသည်။

သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်  များနှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး များ ထိုးနှံ^တိုက်ကျွေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ် ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်း စသည့် လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို  စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။