NATO တပ်ဖွဲ့က ရုရှားနှင့်ကန့်သတ်မျဉ်းကိုကျော်သွားပြီဟု သြစတြီးယားကာကွယ်ရေးဝန်ကြီးပြော

 

NATO တပ်ဖွဲ့က ရုရှားနှင့်ကန့်သတ်မျဉ်းကိုကျော်သွားပြီဟု သြစတြီးယားကာကွယ်ရေးဝန်ကြီးပြော

ယူကရိန်းနိုင်ငံကို ထောက်ပံ့မှုများပေးထားသည့် ဗြွှဥ တပ်ဖွဲ့သည် ရုရှားနှင့်ကန့်သတ်မျဉ်းကိုကျော်သွားပြီဖြစ်ကြောင်းသြစတြီးယားကာကွယ်ရေးဝန်ကြီးကပြောသည်။

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအတွင်းရှိပစ်မှတ်များကိုတိုက်ခိုက်ရန်  ဗြွှဥ တပ်ဖွဲ့ကထောက်ပံ့ပေးထားသည့် လက်နက် များကိုအသုံးပြုနိုင်ကြောင်း  အဆိုပါစစ်မဟာမိတ်အဖွဲ့ကခွင့်ပြုပေးခြင်းအားဖြင့်နောက်ပြန်လှည့်မရနိုင်သည့်ကန့်သတ်မျဉ်းကို ကျော်သွားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ကလော်ဒီယာတန်နာကပြောသည်။

NATO တပ်ဖွဲ့ဝင်နိုင်ငံအများအပြားသည်  ရုရှားနှင့်ပဋိပက္ခဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံအား ၎င်းတို့၏စစ်လက်နက်ပစ္စည်းများကို ပေါ်ပေါ်တင်တင်ထောက်ပံ့သည်သာမက ရုရှားကိုတိုက်ခိုက်ရေးအတွက် ၎င်းတို့၏လက်နက်များကိုပါအသုံးပြုရန် ပြီးခဲ့သည့်သီတင်းပတ်တွင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အနောက်အုပ်စုက ထိုသို့ခွင့်ပြုပေးသည့်တိုင် ၎င်းးတို့သည် ရုရှား-ယူကရိန်းပဋိပက္ခတွင်ပါဝင်ခြင်းမရှိဟု  ဆက်လက်ငြင်းဆိုထားကာ    စစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးရသည့်ရည်ရွယ်ချက်မှာ ရုရှားကိုဟန့်တားနိုင်စေရန်ဖြစ်ကြောင်း ပြောထားသည်။

အလားတူNATO တပ်ဖွဲ့အနေဖြင့်ယူကရိန်းသို့စစ်သည်များကိုစေလွှတ်သွားမည် မဟုတ်ကြောင်း ထိုတပ်ဖွဲ့မှအတွင်းရေးမှူးချုပ်ယန်စတိုတန်ဘာ့ကပြောသည်။

သို့သော် NATO တပ်ဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ၏သမ္မတ  အမ်မန်နျူယယ်မက်ခရွန်က အနောက်အုပ်စုမှစစ်ရေးနည်းပြ များကို ယူကရိန်းသို့စေလွှတ်နိုင်ရေးအတွက် နိုင်ငံတကာသဘောတူညီချက်တစ်ခုကို အပြီးသတ်ရန်အသင့်ဖြစ်နေပြီဟု   ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင်ပြောထားသည်။

အနောက်အုပ်စုမှစစ်သည်များသည် ကြေးစားစစ်သားများအဖြစ်  ယူကရိန်းဘက်မှပါဝင်စစ်ဆင်နေသည်မှာ အလွန်ကြာနေပြီဖြစ်ကြောင်း၊ ထိုအချက်ကိုလည်း ရုရှားနိုင်ငံကသိရှိထားကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောသည်။

နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများတွင်အသုံးပြုနေသည့် တာဝေးပစ်လက်နက်များကို   အနောက်အုပ်စုမှစစ်သည်များကထိန်းချုပ်နေခြင်းဖြစ်ကြောင်းနှင့် အနောက်အုပ်စုက ယူကရိန်းသို့ထောက်လှမ်းရေးသတင်းများလည်း ထောက်ပံ့ပေးနေကြောင်း ရုရှားသမ္မတကပြောထားသည်။

အနောက်အုပ်စုမှ ထောက်ပံ့ပေးထားသည့် တာဝေးပစ်လက်နက်များအသုံးပြု၍ ရုရှားနိုင်ငံအတွင်းတိုက်ခိုက်မှုများသည်ပဋိပက္ခအတွင်း အနောက်အုပ်စု၏တိုက်ရိုက်ပါဝင်မှုမြင့်တက်လာခြင်းကို ဖော်ညွှန်းနေခြင်းဖြစ်သောကြောင့် ရုရှားနိုင်ငံဘက်က လက်တုံ့ပြန်တိုက်ခိုက်ခွင့်ရှိကြောင်း ရုရှားအစိုးရက   သတိပေးထားသည်ဟု  သိရသည်။

Ref: RT