အစ္စရေးက ဓားစာခံလေးဦးကိုကယ်ဆယ်ရာတွင် လူ ၂၀၀ ကျော်သေဆုံးရ

 

အစ္စရေးက ဓားစာခံလေးဦးကိုကယ်ဆယ်ရာတွင် လူ ၂၀၀ ကျော်သေဆုံးရ

အစ္စရေးက  ဂါဇာရှိ၎င်းင်းတို့၏ဓားစာခံလေးဦးကိုကယ်ဆယ်ရာတွင် ပါလက်စတိုင်းပြည်သူ ၂၀၀ ကျော်သေဆုံးရကြောင်း တာဝန်ရှိသူများကပြောသည်။

အစ္စရေးသည် ဇွန်လ ၈ ရက်တွင် မြေပြင်၊ ရေပြင်၊  ဝေဟင်ပူးပေါင်းတိုက်ခိုက်မှုဖြင့် ဓားစာခံလေးဦးကိုကယ်ဆယ်ခြင်းဖြစ်ကြောင်း၊ ထိုစစ်ဆင်ရေးတွင် အပြစ်မဲ့သေဆုံးသူ ၂၁၀ ရှိကြောင်း ပါလက်စတိုင်းခေါင်းဆောင်ကပြောသည်။

ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် အစ္စရေး တိုက်လေယာဉ်များက နျူဆေရတ်ဒုက္ခသည်စခန်းအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်သည်။ ထို့နောက် ဟားမတ်တို့၏လက်တွင်းရှိ ဓားစာခံလေးဦးကို အထူးတပ်ဖွဲ့များဖြင့် ကယ်ဆယ်သည်။  ထိုသို့ကယ်ဆယ်ရေးလုပ်ရာတွင် ဒုက္ခသည်စခန်းအဝင်၊ အထွက်တိုင်း၌ အဆမတန်ပစ်အားသုံးတိုက်ခိုက်မှုများလုပ်ဆောင်သည်။

ဓားစာခံလေးဦးအနေဖြင့် အစ္စရေးသို့ပြန်လည်ရောက်ရှိသွားပြီးနောက် သေဆုံးဒဏ်ရာရရှိသည့် ပါလက်စတိုင်းပြည်သူများ၏ဓာတ်ပုံများ အွန်လိုင်းပေါ်သို့တက်လာခြင်းဖြစ်သည်။

အစ္စရေးတို့၏  ဓားစာခံကယ်ဆယ်မှုစစ်ဆင်ရေးအတွင်း လူအမြောက်အမြားဒဏ်ရာရရှိရာ အများစုမှာအမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အစ္စရေး-ဟားမတ်စစ်ပွဲဖြစ်ပွားသည့်ရှစ်လတာကာလအတွင်း အစ္စရေးတပ်ဖွဲ့များကြောင့်    သေဆုံးရသည့်ပါလက်စတိုင်းပြည်သူ ၃၆၈၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ  ၈၄၀၀၀  နီးပါးရှိကြောင်း  သိရသည်။

Ref: RT