(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံ ဆိပ်ခုနစ်ခုဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံ ဆိပ်ခုနစ်ခုဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇွန် ၉

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ဇွန်လ ၁  ရက်မှ ၉ ရက်အထိ ကျင်းပသည့် (၁၃) ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊  ကြေးလေးခုဆွတ်ခူးရရှိခဲ့သော ပညာရေး  ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်း  ဦးဆောင်သော အားကစား အဖွဲ့ဝင် ၂၁ ဦး တို့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ သို့ပြန်လည်ရောက်ရှိကြသည်။

အောင်ပွဲရမြန်မာအားကစားအဖွဲ့အား  ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်  ကာယ ပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊  အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ တိုင်း ဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်း သန်း၊ မြန်မာ နိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေအတွင်း ရေးမှူး၊ တိုင်းဒေသကြီး ပညာရေး မှူး၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့် ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာအားကစားအဖွဲ့သည် အဆိုပါ (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် ယွန်းလ ဝန်းအိမ်ရွှေက ရွှေတစ်ခု၊ (အမျိုးသမီးတစ်ဦး နှင့်အမျိုးသားသုံးဦး) လက်နက် ဖြင့်အပြပြိုင်ပွဲတွင် နွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တို့အတွဲက  ရွှေတစ်ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် ဝေယံကျော်က ငွေတစ်ခု၊ (အမျိုးသမီး) 45.0- 50.9 kg ပြိုင်ပွဲတွင် ယွန်းပန်းသဇင်အောင်၊ (အမျိုးသား)တစ်ကိုယ်တော် လက်သိုင်းအပြပြိုင်ပွဲတွင် နိုင်အောင်ရွှေ၊ (အမျိုးသမီးနှစ်ယောက်တွဲ)ဓားအတိုက်အပြပြိုင်ပွဲတွင် ဇင်လဲ့ဖြူနိုင် နှင့် ကြယ်စင်လွင်တို့အတွဲ၊ (အမျိုးသားလေးယောက်တွဲ) လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည့်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတစ်ခုစီ ရရှိခဲ့ပြီး စုစုပေါင်းဆုတံဆိပ်ခုနစ်ခု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်သည်။

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် အားကစားနည်း ခြောက်မျိုးဖြစ်သည့် ရေကူး၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပန်ကြပ် ဆီလပ်နှင့် ဗိုဗီနမ်အားကစားနည်းများထည့်သွင်းကျင်းပခဲ့ပြီး မြန်မာအားကစား အဖွဲ့က ဗိုဗီနမ်နှင့်ရေကူးအားကစားနည်းနှစ်မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။