ရုရှားကအာကာသ သယ်ယူပို့ဆောင်ရေးအတွက် အကြီးစားဒုံးပျံတစ်စင်းကို အောင်မြင်စွာ စမ်းသပ်လွှတ်တင်

ရုရှားနိုင်ငံက    အာကာသသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမည့် အကြီးစားဒုံးပျံတစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် အောင်မြင်စွာ စမ်းသပ်လွှတ်တင်လိုက်နိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ စမ်းသပ်လွှတ်တင်နိုင်ခြင်းသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် ကြီးမားသော ရည်ရွယ်ချက်ကို  အကောင် အထည်ဖော်နိုင်မည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က သတ်မှတ်ထားသည့် စီမံကိန်းတစ်ခုမှဖြစ်ပြီး    ခြောက်နှစ်အကြာတွင် ပထမဆုံးအကြိမ် ပြန်လည်စမ်းသပ်နိုင်ခြင်း ဖြစ်သည်။

အကြီးစားဒုံးပျံ၏ အမည်မှာ Angara A5 ဖြစ်ပြီး လက်ရှိအသုံးပြုနေဆဲဖြစ်သည့် အကြီးစားဒုံးပျံဖြစ်သော Proton  M   ၏နေရာတွင် အစားထိုးမည်ဖြစ်သည်။

Angara  A5 ၏ ပထမဆုံးအကြိမ် စမ်းသပ်မှုကို ၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုဒုံးပျံကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ  တန်ချိန်  ၂၀ ကျော်ရှိသည့် ကုန်ပစ္စည်းများကို အာကာသအတွင်း ပေးပို့နိုင်ရေးဖြစ်သည်။   အဆိုပါ ဒုံးပျံအသစ်အတွက် လွှတ်တင်ကွင်းကိုမူ ၂၀၂၁  ခုနှစ်တွင်  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Angara A5 ကို ခြောက်နှစ်အကြာမှ ပြန်လည်စမ်းသပ်နိုင်ခြင်းမှာ  ထုတ်လုပ်မှုပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများနှင့် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များကြောင့် ဖြစ်သည်။

အဆိုပါ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းချက်များတွင် ဒုံးပျံအင်ဂျင်၏ ချွတ်ယွင်းချက် တစ်ခုသည်လည်း အပါဝင်ဖြစ်ပြီး ထိုချွတ်ယွင်းချက်က ဒုံးပျံကိုလမ်းတစ်ဝက်၌ ပျက်ကျစေမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

သို့သော် ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်းရှိ ပလီဆီယက်ဒုံးပျံလွှတ်တင်ကွင်းတွင်     လုပ်ဆောင်သည့် စမ်းသပ်လွှတ်တင်မှုမှာ  အောင်မြင်သွားပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရုရှားအာကာသအေဂျင်စီဖြစ်သည့်  Roscosmos တို့က  ထုတ်ပြန်ထားကြောင်း သိရသည်။                      

Ref: TST