မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

နေပြည်တော်  ဇွန်  ၁၀

    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် ညနေ ၅ နာရီတွင်  သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ပူးပေါင်း အဖွဲ့သည် ဇွန်လ ၈ ရက် ည ၁၁ နာရီခွဲတွင်   သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ်ဆုံကျေးရွာ အနီးတွင်  EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို လည်းကောင်း။

ထို့အတူ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် ည ၇ နာရီတွင် နောင်ချိုမြို့ ပါဟတ် ရပ်ကွက် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းလှထွန်း မောင်းနှင်လာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ    စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ အလားတူ ဇွန်လ ၈ ရက် ည ၈ နာရီတွင်  မင်္ဂလာဒုံမြို့နယ်  ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ မလှလှဌေး(ခ)မဌေး၊ မဝင်းပပထွန်း (ခ)အိသူနှင့်  မချိုချို(ခ)မချိုတို့  ၃  ဦး လာရောက်ထုတ်ယူသည့် လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀  ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် ကောင်းထက်(ခ)အစီပိတ်အား နံနက် ၉ နာရီတွင် (ခ)ရပ်ကွက် ဝေဘာဂီလမ်းတွင် လည်းကောင်း၊ အောင်ဆန်းမြင့်(ခ)ကိုဇော်အား   နံနက် ၁၁ နာရီတွင် သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက် ပိတောက်လမ်းရှိ ၎င်း၏နေအိမ်

တွင်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း၊  အလားတူ ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက် နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်း လာရောက်ထုတ်ယူသူ ရှိုင်းထက်ဇော်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မဥမ္မာသိန်းအား နံနက် ၂ နာရီတွင် အင်းစိန်မြို့နယ် လှိုင်မြစ်လမ်း မြို့မဈေးအရှေ့၌ ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့်  ၎င်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။