ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်မှု ဆောင်အဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၄

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး Mask များ၊ Faceshield  များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
    
ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ အလုပ်အမှု ဆောင်အဖွဲ့ဝင်များအား အပူချိန်တိုင်း တာပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား၊နှာခေါင်း၊လည်ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ECG    စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း ၊ Ultrasound  ရိုက်ပေးခြင်းများ ဆောင်ရွက် ပေးနေမှု များကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

///////////////