ဆရာ၊ဆရာမများနှင့် သံဃာတော်များအတွက် Covid-19 ရောဂါကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင် နှင့်အဖွဲ့ဝင်များက သွားရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Mask  ၁၀၀၀ ခု၊ Faceshield  ၅၀ ခုနှင့် Hand Gel ၁၀၀ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူစာသင်တိုက်ရှိ သံဃာတော် များအား သွားရောက်ဖူးမြော်၍ သံဃာတော်များအတွက် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Mask ၁၀၀ ခု၊ Hand Gel  ၁၀ ဘူး၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ နန်းသဲ ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။