ရန်ကုန်ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာပြီး ဆိုင်ပြန်သွင်း ရောင်းချသူသာ များပြားနေ

ရန်ကုန်၊ ရွှေဈေးကွက်

ပြည်တွင်းငွေလဲနှုန်းမြင့် တက်ခြင်းနှင့် ကုန်ကြမ်းရှားပါးခြင်းတို့ကြောင့် ရန်ကုန်ရွှေ ဈေးကွက်အတွင်း ဈေးနှုန်း ပြန်လည်မြင့် တက်လာပြီး ဆိုင်ပြန်သွင်းရောင်းချသူသာ များပြားနေကြောင်း  ရန်ကုန်တိုင်းဒေသ ကြီး  ရွှေလုပ် ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်၏ပြောပြချက်အရ သိရသည်။

ဃဥဠှီု-၁၉ ရောဂါအခြေအနေကြောင့် ရန်ကုန်ရွှေဈေးကွက်အတွင်း ရွှေကုန်ကြမ်း ဝင်ရောက်နိုင်ခြင်း မရှိသည့် အတွက် လတ် တလောတွင် အထည်ပျက်များကို အရည် ပြန်ကျိုကာ ရောင်းချနေရသည်။ ထို့ပြင် လက်ရှိ  ပြည်တွင်း ငွေလဲနှုန်းနှင့်   ကမ္ဘာ့ ရွှေဈေးနှုန်းများမြင့်တက်နေသည့်အတွက် ရန်ကုန်အခေါက်ရွှေဈေးနှုန်းပါ ပြန်လည် မြင့်တက်လျက် ရှိကြောင်း သိရသည်။

''အခုက ကုန်ကြမ်းလည်း ရှားနေတော့ ဆိုင်မှာပြန်သွင်းလာတဲ့ အထည်ပျက်တွေကိုပဲ အရည်ပြန်ကျိုပြီးတော့ ကုန်ကြမ်းလုပ်ပြီး အရောင်းအဝယ်လုပ်နေရတယ်။  ဒီရက်ပိုင်း  ပြည်တွင်းမှာ  အမေရိကန် ဒေါ်လာဈေးရော ကမ္ဘာ့ ရွှေဈေးပါ နည်း နည်းပြန်တက်လာလို့   အရောင်းအဝယ် အေးတယ်။   ရွှေဆိုင်တွေဖွင့်ထားပေမယ့်  ပြန်ရောင်းတဲ့ သူတွေပဲရှိတယ်။ ဆိုင်တွေက တော့ အကုန်ပြန်ဖွင့်နေပြီ။ နယ်ကကုန် ကြမ်းတွေဝင်လာရင်တော့ ဈေးနည်းနည်း ပြန်ကျ သွားနိုင်ပါတယ်'' ဟု ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်ရွှေဈေးကွက် အတွင်းရှိ   ဆိုင်အားလုံးနီးပါး  ပြန်လည် ဖွင့်လှစ်နေပြီဖြစ် သော်လည်း ဝယ်လိုအားမှာ လျော့နည်းနေကြောင်း၊  ဒီဇင်ဘာ ၁၈ ရက်က ကမ္ဘာ့ရွှေ ဈေးနှုန်း တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၈၂ ဒေါ်လာနှင့် ပြည်တွင်း ငွေလဲနှုန်းမှာ ပြင်ပပေါက်ဈေး ဝယ်ဈေး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်  ၁၃၅ဝ နှင့်  ရောင်းဈေး  ငွေကျပ် ၁၃၆ဝ အထိ ဈေးနှုန်းရှိကြောင်း၊ ရန်ကုန်ရွှေ ဈေးနှုန်းမှာ ပြီးခဲ့သည့်လက အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်း အောက်ကျဆင်းခဲ့သော်လည်း လက်ရှိတွင် တစ်ကျပ်သားလျှင် ငွေကျပ် ၁၃၂ဝဝဝဝ  ဖြင့်  ဈေးဖွင့်ထားကြောင်း သိရသည်။

နေနေ