ဘုတ်ပြင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးခိုးဖမ်းလှေ တစ်စီး ဖမ်းဆီးရမိ

ဘုတ်ပြင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ငါးခိုးဖမ်းလှေ တစ်စီး ဖမ်းဆီးရမိ

နေပြည်တော် ၊ ဇူလိုင် - ၁၇ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၆ ရက်နေ့လယ် ၃ နာရီ ၅၅ မိနစ်ခန့်တွင် ပြင်စဘုကျွန်း၏ တောင်ဘက် ရေမိုင် ၅ ဒသမ ၅ မိုင်ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စီး တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ ငါးခိုးဖမ်းနေသော အောင်မြတ်စိုး-၁အမည်ရှိ တရားမဝင်ကမ်းနီး ငါးဖမ်းလှေပေါ်မှ ဦးကျော်စိုးလင်း(ဘ) ဦးလှဝင်း အပါအဝင် အမျိုးသား ၆ ဦးအား တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများနှင့် လှေအား မြိတ်မြို့၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။