ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ သြဂုတ် - ၁၄

Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံ တက်ရောက် နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားရေးသောက်ရေးတွင် အဆင်ပြေစေရန် အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိ အထူးကုဆေးရုံကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် မိုးမိတ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးနှင့် အောင်ပန်းမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မျက်စိ အထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ ဆေးရုံကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟင်္သာတမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ ဆေးရုံ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေး ဆေးရုံ၊ မကွေးတိုင်း ဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မကွေး သင်ကြားရေး ဆေးရုံ၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံ၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ ရေနီမြို့၊ ဖြူးမြို့၊ ပဲခူးမြို့၊ ပြည်မြို့နှင့် ပန်းတောင်းမြို့တို့ရှိ အထွေထွေ ရောဂါကုဆေးရုံများ၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုး တို့ကို တပ်မတော်များနှင့် မိသားစု ဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အထောက်အကူ ဖြစ်စေရန် အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ် အသီးသီး၌ နယ်မြေခံ တပ်မတော် သားများနှင့် မိသားစုဝင် များက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့် ထမင်းဟင်းများကို ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံ ထုတ်စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်း ရရှိသည်။