တစ်ပတ်တာ ကာလအတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ

တစ်ပတ်တာ ကာလအတွင်း  လယ်ယာထွက်ကုန်သီးနှံတွေဖြစ်တဲ့ ဆန်၊ စပါး၊ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း၊ ပဲလွမ်းဖြူ (မြစ်ဝကျွန်းပေါ်)၊ ပဲလွမ်းနီနဲ့ ကြက်သွန်နီတို့ရဲ့ ဈေးနှုန်း အတက်အကျတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆန်၊ စပါး

ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ  ဈေး ငြိမ်နေပေမယ့်   ဧရာဝတီတိုင်းဒေသကြီး ဈေးကွက်နဲ့ ပဲခူးတိုင်းဒေသကြီး ဈေးကွက် တို့မှာ ဆန်ဈေးရော စပါးဈေးပါ တက်နေပါ တယ်။ အဓိကက  ကုန်သည်တွေ  ဝယ်ယူမှု များပြီး ရန်ကုန်ဈေးကွက်ကလည်း ဝယ်ယူ မှုများတဲ့အတွက်     ဈေးတက်နေတာဖြစ် တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဈေးကွက်မှာ ဈေးတက်နေတာကတော့   နိုဝင်ဘာလ ကတည်းကဖြစ်ပါတယ်။    

ဧရာဝတီ

တိုင်းဒေသကြီးဈေးကွက်မှာ ပုသိမ်ပေါ်ဆန်း မွှေးစပါး တင်း ၁ဝဝ ကို ငွေကျပ် ၇၈၆ဝဝဝ ရှိပြီး ဆန်တစ်အိတ်ကို ငွေကျပ် ၃၃ဝဝဝ နဲ့ ဈေးငြိမ်နေပါတယ်။ ပုသိမ်ဧည့်မထစပါး တင်း ၁ဝဝ ကို ငွေကျပ်  ၆၃ဝဝဝဝ  ရှိပြီး  ငွေကျပ်   ၉ဝဝဝ  ဈေးတက်လာပေမယ့် ဆန်တစ်အိတ်ကို ငွေကျပ် ၂၄ဝဝဝ နဲ့ ဈေး ငြိမ်နေပါတယ်။

မြောင်းမြပေါ်ဆန်းစပါး တင်း ၁ဝဝ ကို  ငွေကျပ်  ၇၈၄ဝဝဝ  ရှိပြီး  ငွေကျပ် ၄ဝဝဝ ဈေးတက်လာပါတယ်။ ဆန်တစ်အိတ် ကို ငွေကျပ် ၃၂၅ဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။ မြောင်းမြဧည့်မထ စပါး တင်း ၁ဝဝ ကို ငွေကျပ် ၆၃၉ဝဝဝ ရှိပြီး ငွေကျပ် ၄ဝဝဝ ဈေးတက်လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၂၄၅ဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေးတက်လာပါတယ်။

ဒေးဒရဲပေါ်ဆန်းစပါး တင်း ၁ဝဝ ကို ငွေကျပ် ၆၃၃ဝဝဝ ရှိပြီး ငွေကျပ် ၁၇ဝဝဝ ဈေးတက်လာပေမယ့်  ဆန်တစ်အိတ်ကို ငွေကျပ် ၃၁ဝဝဝ နဲ့  ဈေးငြိမ်နေပါတယ်။ ဒေးဒရဲဧည့်မထစပါး တင်း ၁ဝဝ ကို  ငွေ ကျပ်  ၆၁၆ဝဝဝ  ရှိပြီး  ငွေကျပ် ၁၈ဝဝဝ  ဈေးတက်လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ်  ၂၂ဝဝဝ  ရှိပြီး ငွေကျပ်  ၁ဝဝဝ ဈေးတက်လာပါတယ်။

ဖျာပုံပေါ်ဆန်းစပါး  တင်း  ၁ဝဝ  ကို ငွေကျပ် ၆၃၆ဝဝဝ ရှိပြီး ငွေကျပ် ၁၇ဝဝဝ ဈေးတက်လာပေမယ့် ဆန်တစ်အိတ်ကို ငွေကျပ် ၃၁ဝဝဝ နဲ့ ဈေးငြိမ်နေပါတယ်။  ဖျာပုံဧည့်မထစပါး  တင်း  ၁ဝဝ  ကို  ငွေကျပ် ၆ဝ၇ဝဝဝ ရှိပြီး ငွေကျပ် ၉ဝဝဝ ဈေးတက်လာပါတယ်။ ဆန်တစ်အိတ်ကို ငွေကျပ် ၂၂၅ဝဝ ရှိပြီး ငွေကျပ် ၅ဝဝ ဈေး တက်လာပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်မှာ အင်းမဘော်  (ရိုးရိုး)  ဆန်တစ်အိတ်ကို ငွေကျပ် ၂၄ဝဝဝ  ရှိပြီး ငွေကျပ် ၅ဝဝ၊ အင်းမ(စူပါ) ဆန်တစ်အိတ်ကို  ငွေကျပ်  ၂၅၅ဝဝ  ရှိပြီး ငွေကျပ် ၁၅ဝဝ၊ မှော်ဘီ(မိုး) ဆန်တစ်အိတ်ကို ငွေကျပ် ၂၃ဝဝဝ ရှိပြီး ငွေ ကျပ်  ၅ဝဝ အသီးသီးဈေးတက်လာပါတယ်။

မတ်ပဲ

ဒီတစ်ပတ်မှာ မတ်ပဲတစ်တန်ကို ငွေကျပ် ၁ဝ သိန်းအောက်အထိ ဈေးကျဆင်းသွားပါ တယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်က ယခု ထက်   ဈေးပိုကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေကယူဆခဲ့ပေမယ့်   မတ်ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့ အတွက် ဆက်တိုက်ဆိုသလို ဈေးကျဆင်း နေတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာ့ပဲတွေကို ဈေး ချဝယ်ယူမှုရှိသလို  ပြည်တွင်းကုန်သည် တွေကလည်း  ဈေးချဝယ်ယူမှု တွေကြောင့် ဈေးတက်လာတာမျိုးမရှိပေမယ့်   မတ်ပဲ ဈေးကတော့  လတ်တလော  ခန့်မှန်းဖို့ ခက်ပါတယ်။

ရန်ကုန် ဈေးကွက်မှာ မတ်ပဲတစ်တန်ကို ငွေကျပ် ၉၈ဝဝဝဝ ရှိပြီး ငွေကျပ် ၃ဝဝဝဝ ကျော် ဈေးကျဆင်း သွားပါတယ်။

မန္တလေးဈေးကွက်မှာ မတ်ပဲအဟောင်း သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၉၈ဝဝဝ ကနေ ၁ဝ၂ဝဝဝ ကြားရှိပြီး ငွေကျပ် ၈ဝဝဝ ဈေးကျဆင်းသွားပါတယ်။ မတ်ပဲအသစ် သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၉၃ဝဝဝ ကနေ ၉၅ဝဝဝ ကြားရှိပါတယ်။

မော်လမြိုင် ဈေးကွက်မှာ မတ်ပဲတစ်တင်း ကို ငွေကျပ် ၃၂၆ဝဝ ရှိပြီး ငွေကျပ် ၉ဝဝ၊ ပြည်ဈေးကွက်မှာ   မတ်ပဲတစ်တင်းကို ငွေကျပ်  ၃၂၃ဝဝ  ရှိပြီး ငွေကျပ်  ၅ဝဝ အသီးသီးဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဈေးကွက်ထဲ အသစ် တွေဝင်ရောက်လာချိန်မှာ ဈေးက မျှော်မှန်း ထားတာထက်တောင် ကျဆင်းသွားတာ တွေ့ရပါတယ်။ ပြည်ပဝယ်ယူမှုကလည်း  လျော့နည်းနေသလို ဈေးချဝယ်ယူမှုတွေ ကြောင့်      ဆက်တိုက် ဈေးကျဆင်းနေ ပါတယ်။   ပဲအသစ်တွေ   ထွက်ရှိပေမယ့် တောင်သူတွေအနေနဲ့ ဈေးကောင်းမရရှိ ပါဘူး။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန် ကို  ငွေကျပ်  ၇၂ဝဝဝဝ ရှိပြီး  တစ်ပတ် အတွင်း  ငွေကျပ်  ၈၅ဝဝဝ  နီးပါး  ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာ ပဲစင်းငုံနီသုံးတင်း ဝင်တစ်အိတ်ကို  ငွေကျပ်  ၆၈ဝဝဝ  ရှိပြီး ငွေကျပ် ၅ဝဝဝ ဈေးကျဆင်းသွားပါတယ်။အောင်လံဈေးကွက်မှာ ပဲစင်းငုံနီအသစ် တစ်တင်းကို  ငွေကျပ်  ၂၃ဝဝဝ  ရှိပြီး  ငွေကျပ် ၁ဝဝဝ ဈေးကျ ဆင်းသွားပါတယ်။ပဲစင်းငုံနီအဟောင်း တစ်တင်းကို ငွေကျပ် ၂၁၅ဝဝ   ရှိပြီး  ငွေကျပ်  ၁ဝဝဝ   နီးပါး ဈေးကျ ဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ပြီးခဲ့တဲ့တစ်ပတ်က အနည်းငယ်ဈေးကျဆင်းပြီး   အရောင်း အဝယ်ငြိမ်သွားပေမယ့် ဒီတစ် ပတ်မှာ တော့ ဈေးပြန်တက်လာပါတယ်။  တရုတ်နိုင်ငံက အဓိက ဝယ်ယူတဲ့အပြင် တခြားအာဆီယံ နိုင်ငံတွေ ကပါ   ဝယ်ယူမှုရှိတဲ့အတွက် ဈေးတက်နေ တာဖြစ်ပါတယ်။   ဒါ့ပြင် ပြည်တွင်းငွေလဲလှယ် နှုန်းက လည်း မြင့်တက် နေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း (ပဲခူး ရွှေဝါ၊ ခရမ်းရွှေဝါ၊ ပခုက္ကူ) တစ်ပိဿာကို ငွေကျပ် ၂ဝ၃ဝ ကနေ ၂၃ဝဝ ကြားရှိပြီး ငွေကျပ် ၆၅ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ပဲတီစိမ်းသုံးတင်း ဝင်တစ်အိတ်ကို ငွေကျပ် ၁၁ဝဝဝဝ ကနေ ၁၃၂ဝဝဝ ကြားရှိပြီး ငွေကျပ် ၆ဝဝဝ ဈေး တက်လာပါတယ်။

မုံရွာဈေးကွက်မှာ ပဲတီစိမ်းတစ်တင်းကို ငွေကျပ် ၃၈ဝဝဝ ကနေ ၄၂ဝဝဝ ကြားနဲ့ ဈေးငြိမ်နေပါတယ်။

ပဲလွမ်းဖြူ (မြစ်ဝကျွန်းပေါ်)၊

ပဲလွမ်းနီ

ပဲလွမ်းဖြူနဲ့ ပဲလွမ်းနီ ကတော့ ဒီတစ် ပတ်မှာလည်း ထပ်ပြီး ဈေးတက်လာပါတယ်။ အဝင်နည်းပြီး အရောင်းသွက် တဲ့ အတွက် ဈေးတက်လာတာဖြစ်ပါတယ်။ နယ်ဈေးကွက် တွေမှာတော့ အသစ်တွေ မဝင်သေးပါဘူး။

ပဲလွမ်းဖြူတစ်ပိဿာကို ငွေကျပ် ၂၃ဝဝ ကနေ  ၂၃၃၅  ကျပ်ကြားရှိပြီး  ငွေကျပ်   ၁၄ဝ  ဈေးတက်လာပါတယ်။  ပဲလွမ်းနီ တစ်ပိဿာကို  ငွေကျပ်  ၂ဝ၃ဝ  ကနေ ၂ဝ၅ဝ ကြားရှိပြီး ငွေကျပ် ၆ဝဝ ဈေးတက် လာပါတယ်။

ကြက်သွန်နီ

ဈေးကွက်ထဲမှာ    ကြက်သွန်နီဈေး ကျဆင်းနေတာ တစ်လကျော်သွားပါပြီ။ ၂ဝ၂၁  ခုနှစ်  နှစ်သစ်မှာတော့  ပြည်ပ အဝယ်ရှိတဲ့အတွက်   ဈေးတက်နိုင်ခြေရှိ တယ်လို့ ကုန်သည်တွေက ဆိုထားပါတယ်။ နေ့စဉ်  ကုန်ပိဿာတန်ချိန်  သိန်းကျော် ဝင်ရောက်နေတဲ့အတွက် ဈေးကျဆင်းနေ တာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ    ကြက်သွန်နီ (ဆိပ်ဖြူ)  တစ်ပိဿာကို  ငွေကျပ်  ၂ဝဝ ကနေ ၄၅ဝ ကြားရှိပြီး ငွေကျပ် ၁ဝဝ ဈေး ကျဆင်းသွားပါတယ်။

ဝတ်ရည်မွန် (AMIA)