ဖိလစ်ပိုင်အစိုးရက နိုဗာဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်းသန်း ၃၀ ရရှိရန် မျှော်မှန်း

ဖိလစ်ပိုင်အစိုးရသည် နိုင်ငံသား သန်း ၁၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးရေး ကြိုးပမ်းချက်ကို  မြှင့်တင်သည့် အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် နိုဗာဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံး ပေါင်း သန်း ၃၀ ရရှိရန် မျှော်မှန်းထားကြောင်း နိုင်ငံခြားရေးရာဝန်ကြီး တီယိုဒိုရိုလော့ဆင်းက ဒီဇင်ဘာ ၂၁ ရက်တွင်ပြောသည်။

အိန္ဒိယနိုင်ငံတွင်ထုတ်လုပ်သော နိုဗာ ဗက်ကုမ္ပဏီထုတ်ကာကွယ်ဆေးကို ဝယ်ယူ ရာတွင် ငွေသားကြိုတင်ပေးချေရန်မလို  ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ သတင်းအချက်အလက်ကို ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် ဆီရမ်ကုမ္ပဏီက ပြောခြင်းဖြစ်ကြောင်းနှင့် ဆေးဝါးများ ထောက်ပံ့ရေးအတွက် သဘောတူစာချုပ်ကိုလည်း ယခုနှစ်မကုန်မီ ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ကာကွယ်ဆေးကုမ္ပဏီ အများအပြားနှင့် ဆွေးနွေးထားသော်လည်း ပုဂ္ဂလိကကဏ္ဍ၏ ကူညီမှုဖြင့် အက်စထရာဇီနီကာကုမ္ပဏီမှ ကာကွယ်ဆေး ၂ ဒသမ ၆ သန်းဝယ်ယူရေးအတွက်  သဘောတူစာချုပ် တစ်ခုတည်းကိုသာ လက်မှတ်ထိုးထားနိုင်သည်။

တစ်ချိန်တည်းမှာပင် မတ်လတွင် စတင်ရောက်ရှိနိုင်မည့် တရုတ်နိုင်ငံ ဆီနိုဗက်ဘိုင် အိုတက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ၂၅ သန်းကိုဝယ်ယူရန်နှင့် မိုဒန်နာနှင့် အာ့တူးရပ်ကုမ္ပဏီတို့က ထုတ်လုပ်သော ကာကွယ်ဆေး ၂၅ သန်းကိုဝယ်ယူနိုင်ရေးအတွက်လည်း စီစဉ်ထားသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၄၅၉၇၈၉ ဦးနှင့် သေဆုံးသူ ၈၉၄၇ ဦးရှိသည့်အတွက် အရှေ့တောင် အာရှတွင်  အင်ဒိုနီးရှားနိုင်ငံပြီးနောက် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။        

Ref: TST