နှစ် ၅၀၀၀၀ သက်တမ်းအတွင်း အကောင်းအတိုင်း နီးပါးရှိသည့် ဝံပုလွေပေါက်ရုပ်ကြွင်းတစ်ခုကို ယူကွန်မြို့၌ ထုတ်ဖော်ပြသ

နှစ်   ၅၀၀၀၀  သက်တမ်းအတွင်း အကောင်းအတိုင်းနီးပါးရှိသည့် ဝံပုလွေပေါက်ရုပ်ကြွင်းတစ်ခုကို   ကနေဒါနိုင်ငံ ယူကွန်မြို့ရှိ သုတေသနပြခန်း၌ ဒီဇင်ဘာ ၂၁ ရက်တွင်ထုတ်ဖော်ပြသထားကြောင်း သိရသည်။

အဆိုပါဝံပုလွေပေါက်သည် သဲမြေဆန်သော သားရဲတွင်းတစ်ခုအတွင်း နေထိုင်နေစဉ် တွင်းပြိုကျမှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး      လေနှင့်အစိုဓာတ်မရရှိမှုကြောင့် ထိုဝံပုလွေပေါက်ကို မံမီကဲ့သို့ဖြစ်သွားစေခြင်းဖြစ်သည်။

ထို့နောက် ရေခဲပြင်အောက်၌ နှစ်ပေါင်းများစွာကြာ   နစ်မြုပ်နေခဲ့ရခြင်း ဖြစ်ကာ လွန်ခဲ့သောလေးနှစ်ခန့်က  ရွှေတူးသမား များ၏ရှာဖွေမှုနှင့်   ရာသီဥတုပူနွေးမှုတို့ကြောင့်  ကနေဒါနိုင်ငံ  ယူကွန်နယ်မြေအတွင်းရှိသည့် ထိုဝံပုလွေပေါက်ရုပ်ကြွင်းကို တွေ့ရှိရခြင်း ဖြစ်သည်။

တွေ့ရှိခဲ့ဖူးသော သတ္တဝါရုပ်ကြွင်းများအနက် အဆိုပါဝံပုလွေပေါက်က အကောင်းအတိုင်းအရှိဆုံး    ရုပ်ကြွင်းဖြစ်ကြောင်း ဒေါက်တာ ဂျူလီမီချမ်းကပြောသည်။

သုတေသီများသည်  ကာဗွန်နည်းဖြင့်သက်တမ်းတွက်ချက်မှု၊ ရုပ်ကြွင်း၏သက်တမ်းကို   ဒီအန်အေနည်းဖြင့်စစ်ဆေးမှု၊ ရုပ်ကြွင်းအတွင်းရှိ အောက်ဆီဂျင်ပမာဏကို ဓာတုဗေဒနည်းအရလေ့လာမှုတို့ အပါအဝင် နည်းလမ်းများစွာ အသုံးပြုပြီးနောက် ထိုဝံပုလွေပေါက်၏သက်တမ်းမှာ   အနှစ် ၅၆၀၀၀ နှင့်  ၅၇၀၀၀  ကြားရှိသည်ကို တွေ့ရှိရသည်။

ထို့ပြင် အရိုးများကို ဓာတ်မှန်ရိုက်ခြင်းနှင့်  သွားများ၏ ဖွံ့ဖြိုးမှုကို ကြည့်ခြင်းဖြင့် အဆိုပါဝံပုလွေပေါက်    သေဆုံးချိန်တွင် အသက် ၆ ပတ်မှ  ၇ ပတ်မျှသာရှိသေးကြောင်းနှင့်   ကျန်းမာရေးကောင်းမွန်ပြီး အာဟာရပြည့်ဝနေကြောင်း   သုတေသီများက ပြောထားသည်ဟု သိရသည်။

Ref: TST