အိန္ဒိယ၌ ၂၀၁၉ ခုနှစ်တွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၁ ဒသမ ၆၇ သန်းရှိ

အိန္ဒိယနိုင်ငံ၌ ၂၀၁၉ ခုနှစ်တွင် လေထု ညစ်ညမ်းမှုကြောင့် သေဆုံးသူ အရေအတွက် သည် ၁ ဒသမ ၆၇ သန်းရှိပြီး နိုင်ငံ အတွင်းသေဆုံးသူ စုစုပေါင်း၏ ၁၈ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

ကမ္ဘာ့အဆိုးဆုံး  လေထုညစ်ညမ်းမှု စာရင်းဝင်အိန္ဒိယနိုင်ငံသည် စီးပွားရေး တိုးတက်လာသည်နှင့်အမျှ လေထုညစ်ညမ်း မှုကြောင့် သေဆုံးသူ အရေအတွက်မြင့်တက်လာမှုနှင့်လည်း ရင်ဆိုင်နေရသည်။

အိန္ဒိယနိုင်ငံ၏မြို့တော် ဖြစ်သည့် နယူးဒေလီမြို့မှာ ကမ္ဘာပေါ်တွင်လေထုညစ်ညမ်း မှုအဆိုးဆုံးမြို့တော်ဖြစ်ပြီး ဆောင်းရာသီတွင် လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်သည်။

သေဆုံးသူများသည် လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် နာတာရှည်ရောဂါများဖြစ်သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ၊ အဆုတ်ကင်ဆာ၊ နှလုံး ရောဂါ၊ လေသင်တုန်းဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ ပုံမှန်မဟုတ်သည့် မွေးကင်းစကလေးမွေးဖွားမှု စသည့် ရောဂါများကြောင့် ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှုများသည်  အိန္ဒိယနိုင်ငံ အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး၏

၁ ဒသမ ၃၆ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၈ ဘီလီယံဆုံးရှုံး ရကြောင်းနှင့်  ဆင်းရဲပြီး လူဦးရေထူထပ်သော အွတ်တာပရာဒေ့နှင့် ဘီဟာပြည်နယ်တို့၌ စီးပွားရေးအရ ဆုံးရှုံးမှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။      

 Ref: TST