အက်စထရာဇီနီကာနှင့်  Sputnik V ကာကွယ်ဆေးတို့ကို ပေါင်းစပ်နိုင်ရေး တာဝန်ရှိသူများ သဘောတူ

ရုရှားနိုင်ငံမှ  Sputnik V အမည်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်သူများနှင့် ဗြိတိန်နိုင်ငံမှ အက်စထရာဇီနီကာ အမည်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့ကို ပေါင်းစပ်နိုင်ရေးအတွက် စမ်းသပ်မှုများ ပြုလုပ်ရန် နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက်တွင် သဘောတူစာချုပ်ချုပ်ဆိုကြောင်း သိရသည်။

Sputnik V ကို အက်စထရာဇီနီကာနှင့် ပေါင်းစပ်ပါက အက်စထရာဇီနီကာ၏အာနိသင်ထိရောက်မှုကို မြင့်တက်စေမည်ဟု ဆိုကာ ရုရှားတာဝန်ရှိသူများက ကာကွယ်ဆေးနှစ်မျိုးကို ထိုသို့ပေါင်းစပ်ရန် ပြီးခဲ့သည့်လတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံမှကာကွယ်ဆေးကို  ဂါမယ်လီယာသုတေသနဌာနနှင့် ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က လည်းကောင်း၊ ဗြိတိန်နိုင်ငံမှကာကွယ်ဆေးကို အက်စထရာဇီနီကာနှင့်   အောက်စဖို့တက္ကသိုလ်တို့က လည်းကောင်း သီးခြားစီဖော်စပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဆေးနှစ်မျိုးပေါင်းစပ်မှုမှ ရလာသည့် ကာကွယ်ဆေး၏  လူသားများတွင်လက်တွေ့စမ်းသပ်မှုကို မကြာမီအချိန်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ  ကီရေးဒီမီထရီယက်က ပြောသည်။

ရုရှားတာဝန်ရှိသူများသည် Sputnik V ကာကွယ်ဆေးကို နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုများ မလုပ်မီကတည်း က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး လက်တွေ့မှုများ လုပ်ဆောင်ပြီးသည့် အခါတွင်လည်း အာနိသင်ထိရောက်မှုမှာ  ၉၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Sputnik V ကာကွယ်ဆေး၏ နောက်ဆုံးအဆင့်   လက်တွေ့စမ်းသပ်မှုများကို လူပေါင်း ၂၃၀၀၀ နီးပါးဖြင့်လုပ်ဆောင်ခဲ့

ရာ ၎င်းင်းတို့အနက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၇၈ ဦးသာ ရှိသောကြောင့် အက်စထရာဇီနီကာ ကုမ္ပဏီထုတ်ကာကွယ်ဆေးထက် အာနိသင်ထိရောက်မှုပိုရှိသည်။

အက်စထရာဇီနီကာနှင့်   အောက်စဖို့တက္ကသိုလ်တို့က ဖော်စပ်ထားသည့် ကာကွယ်ဆေးမှာမူ အာနိသင်ထိရောက်မှု ၇၀ ရာခိုင်နှုန်းသာရှိသည်။

သို့သော်    ကုန်ကျစရိတ်သက်သာမှု၊ ယုံကြည်အားကိုးရမှုနှင့် အသုံးပြုရ လွယ်ကူမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး တာဝန်ရှိသူများက   အက်စထရာဇီနီကာ ကုမ္ပဏီထုတ် ကာကွယ်ဆေးအပေါ်များစွာ မျှော်လင့်ထားသော် လည်း ကိုဗစ်-၁၉ ရောဂါကူးစက်နိုင်ခြေ အများဆုံးလူများ ဖြစ်သည့် အသက် ၅၅ နှစ်အထက် သက်ကြီးရွယ်အို များတွင်  အာနိသင်ထိရောက်မှုရှိ၊ မရှိနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

Ref: AP