ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ တော်ရုံနှင့်နောက်တစ်ကြိမ် ကူးစက်မှု မဖြစ်နိုင်ကြောင်း သုတေသီများ တွေ့ရှိ

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ များအနေဖြင့် တော်ရုံနှင့်နောက်တစ်ကြိမ် ကူးစက်မှု မဖြစ်နိုင်တော့ကြောင်း   သုတေသနနှစ်ခုက တွေ့ရှိထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် ပဋိပစ္စည်းကို ထုတ်လုပ်ထားနိုင်သူများသည်     နောက်ထပ်ခြောက်လနှင့် အထက်ကာလအတွင်း    နောက်တစ်ကြိမ်  ရောဂါကူးစက်မှု မခံရနိုင်တော့ကြောင်း သုတေသီများက ပြောသည်။

အဆိုပါတွေ့ရှိချက်သည်   ကာကွယ်ဆေးများက ကပ်ရောဂါတိုက်ဖျက်ရေးအတွက်   အလားအလာကောင်းများ ရှိသည်ဟူသော အခြေအနေကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ကာကွယ်ဆေးဆိုသည်မှာ   ခန္ဓာကိုယ်အတွင်း ဝင်လာသည့်ရောဂါပိုးကို   ချေမှုန်းနိုင်စေမည့် ပဋိပစ္စည်းများကို ထုတ်လုပ်ပေးခြင်း ဖြစ်သည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် သဘာဝအတိုင်း ထွက်ပေါ်လာသည့် ပဋိပစ္စည်းများသည် အာနိသင်ထိရောက်မှု အကောင်းဆုံးရှိသည် ဆိုသည့် ကာကွယ်ဆေးထိုးခြင်းကြောင့် ထွက်ပေါ်လာသော ပဋိပစ္စည်းထက်     ရောဂါကူးစက်မှုကို ပိုမိုကာကွယ်နိုင်စွမ်းရှိကြောင်း  အမေရိကန်အမျိုးသားသုတေသနဌာနမှ ညွှန်ကြားရေးမှူး   ဒေါက်တာနတ်ရှာ့ပလပ်ကပြောသည်။

ယခုပြုလုပ်သည့် သုတေသနနှစ်ခုကို   ပုံစံနှစ်မျိုးဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမတစ်မျိုးမှာ ပဋိပစ္စည်းများအတွက် သွေးစစ်မှုဖြစ်သည်။ ရောဂါကူးစက်ခံရပြီးနောက် ထွက်ပေါ်လာသောထိုပဋိပစ္စည်းများသည် သွေးအတွင်း၌ လပေါင်းများစွာကြာ တည်ရှိနေနိုင်သည်။ ဒုတိယနည်းလမ်းမှာ နှာခေါင်းတို့ဖတ် သို့မဟုတ် ရောဂါကူးစက်ခံထားရခြင်းရှိ၊ မရှိစစ်ဆေးနိုင်သည့် အခြားနမူနာများကို ရယူစမ်းသပ်ခြင်းဖြစ်သည်။

ပထမသုတေသနကို အောက်စဖို့ဆေးတက္ကသိုလ်ရှိ ကျန်းမာရေးဝန်ထမ်းအယောက် ၁၂၅၀၀ ကျော်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး  ဒုတိယသုတေသနကို အမေရိကန် အမျိုးသားကင်ဆာဌာနက လူသုံးသန်းကျော်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Oregon Live