လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၅
    
ကားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ရှိ လွိုင်လင်လေးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၊ ကယန်းပြည်သစ် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ကယန်းနီအမျိုးသား ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP) ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက လွိုင်လင်လေးမြို့၊ နယ်မြေခံတပ်ရင်း ဧည့်ရိပ်သာနှင့် လွိုင်ကော်မြို့နယ်ရှိ နယ်မြေခံ တပ်နယ်ခန်းမတို့၌ အသီးသီးသွားရောက်တွေ့ ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆားနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။