အမေရိကန်၌ နောက်ထပ်လူမည်း အမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် ဆန္ဒပြမှုများဖြစ်ပွား

အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ကိုလံဘတ်မြို့၌    ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်    လူမည်းအမျိုးသားတစ်ဦးသေဆုံးပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် နိုင်ငံအတွင်း၌ လူမျိုးရေးဖိနှိပ်မှုနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လူမဆန်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားကြောင်း သိရသည်။ ယင်းအမှုသည် အမေရိကန်၌ တစ်လအတွင်း ဒုတိယမြောက်လူမည်း အမျိုးသားတစ်ဦး အသတ်ခံရခြင်း ဖြစ်သည်။

အသက် ၄၇ နှစ်ရှိ လူမည်းအမျိုးသားဖြစ်သည့် အန်ဒရေးမြူးရစ်ဟေးသည် ဒီဇင်ဘာ ၂၁ ရက်ညတွင် ကားဂိုဒေါင်၌  ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်မှုကို ခံခဲ့ရသည်။

၎င်းင်းသည် ဘယ်လက်တွင်   လက်ကိုင်ဖုန်းကိုင်ထားရင်း ရဲတစ်ဦးဆီသို့ လမ်းလျှောက်သွားသည့် ပုံရိပ်များကို ရဲတပ်ဖွဲ့ဝင်၏ ဗီဒီယိုမှတ်တမ်းတင်စက်တွင် တွေ့ရသည်။

အန်ဒရေးမြူးရစ်ဟေးသည် လုံးဝလက်မခံနိုင်သည့် အပြုအမူဖြင့် ရဲအရာရှိတစ်ဦး ဖြစ်သည့် အဒမ်ကွိုင်းကို သေနတ်ဖြင့် ပစ်ခတ်ရန် ချဉ်းကပ်လာခြင်းကြောင့် ရဲအရာရှိက သေနတ်ဖြင့် ပစ်ခတ်လိုက်ရခြင်း ဖြစ်ကြောင်း ကိုလံဘတ်မြို့ ရဲမှူး သောမတ်ကွင်းလမ်းက ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာသည်။

တစ်ချိန်တည်းမှာပင် ဆန္ဒပြသူအများအပြားသည် လူမည်းများ၏ ဘဝများသည်လည်း အရေးပါသည် ဟူသောစာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့်   သေဆုံးသွားသူများအတွက် တရားမျှတမှုကို တောင်းဆိုကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ ယခုနှစ်အတွင်း ရဲတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံရသည့် ပထမဆုံးလူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးပြီးနောက် ဖြစ်ပွားသော ဆန္ဒပြမှုများမှာ   ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။                        

 Ref: TST