မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့(အာခါ)ကျေးရွာ၌ အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော် ပြုလုပ်

နေပြည်တော်၊  သြဂုတ် - ၁၅
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ အူးဖူဒေ့(အာခါ)ကျေးရွာ၌ အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်ကို သြဂုတ် ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အာခါရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နာယက ဦးမင်းညို နှင့် အာခါတိုင်းရင်းသားများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော် ဖြစ်မြောက်ရေးအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ထို့နောက် အာခါရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နာယက က ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး အာခါရိုးရာဒန်းစီးပွဲတော်အကြောင်း ရှင်းလင်းပြောကြားသည်။
    
၎င်းနောက် အာခါရိုးရာယဉ်ကျေးမှုအဖွဲ့မောင်မယ်များက ရိုးရာအကအလှများဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။