အမေရိကန်ရှိ အလုပ်လက်မဲ့ သန်းပေါင်းများစွာ ဒီဇင်ဘာ ၂၆ ရက်မှစ၍ ထောက်ပံ့ကြေးမရ

အမေရိကန်နိုင်ငံရှိ  အလုပ်လက်မဲ့သန်းပေါင်းများစွာသည် ဒီဇင်ဘာ ၂၆ ရက်မှစ၍ ထောက်ပံ့ကြေးမရတော့ကြောင်း သိရသည်။

လွှတ်တော်က အတည်ပြုလိုက်သည့် ကပ်ရောဂါကာလကူညီထောက်ပံ့ရေးနှင့် အသုံးစရိတ်ဥပဒေကြမ်းကို သမ္မတဒေါ်နယ်ထရမ့်က   လက်မှတ်မထိုးသည့်အတွက် အလုပ်လက်မဲ့များ အနေဖြင့် ထောက်ပံ့ကြေး မရတော့ခြင်း ဖြစ်သည်။

ထိုအသုံးစရိတ်ဥပဒေကြမ်းတွင် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူများကို ထောက်ပံ့ပေးရမည့် ဒေါ်လာ ၈၉၂ ဘီလီယံနှင့်    ပုံမှန်အစိုးရအသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ ပါဝင်ကာ စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံရှိ

ကြောင်း သိရသည်။

ထိုကဲ့သို့ ထရမ့်က လက်မှတ်မထိုးသည့်အတွက် အလုပ်လက်မဲ့ဖြစ်သူ ၁၄ သန်းခန့်မှာ    ထောက်ပံ့ကြေး ရတော့မည်မဟုတ်ကြောင်း အလုပ်သမားရေးရာဌာန၏ အချက်အလက်များအရ သိရသည်။

အလားတူ    ကွန်ဂရက်အနေဖြင့် သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက အစိုးရလုပ်ငန်းများအနက် တစ်စိတ်တစ်ပိုင်းမှာ ဒီဇင်ဘာ ၂၉ ရက်မှစ၍ ရပ်ဆိုင်းသွားမည်ဖြစ်သည်။

အဆိုပါအသုံးစရိတ်ဥပဒေကြမ်းသည် အခြားအကျိုးစီးပွားများ၊ ယဉ်ကျေးမှုစီမံကိန်းများနှင့် ပြည်ပထောက်ပံ့မှုတို့အတွက်

သာ ငွေကြေးပုံအောပေးထားပြီး အမေရိကန်ပြည်သူတစ်ဦးအတွက် ထောက်ပံ့မှုကိုမူ ဒေါ်လာ ၆၀၀ တန်သာ ပေးထားသည့်အတွက်  ထရမ့်ကလက်မှတ်မထိုးခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် လွှတ်တော်အမတ်များအနေဖြင့် မည်သည့်အတွက်ကြောင့် အမေရိကန်ပြည်သူများကို ဒေါ်လာ ၂၀၀၀ အထိမပေးကြောင်း ထရမ့်ကမေးခွန်းထုတ်ထားသည်ဟု သိရသည်။      

Ref: TST