မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ် ရွေးချယ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ် ရွေးချယ်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန် မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ် ရွေးချယ်ပွဲကို ဖေဖော်ဝါရီ ၁ ရက်မှ ၆ရက် အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ““အလှမယ်ရွေးချယ်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့နဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်နိုင်အောင် ကျင်းပတာဖြစ်ပါတယ်။ ဒါ့ပြင်  တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို တစ်နေရာတည်းမှာ ကြည့်ရှုလေ့လာနိုင်ဖို့ဖြစ်ပါတယ်။ 
ပြိုင်ပွဲကို ညနေ ၆ နာရီကနေ ည ၁၀နာရီအထိ ကျင်းပမှာဖြစ်ပါတယ်””ဟု ကယားပြည်နယ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်ကပြောသည်။ ပြိုင်ပွဲတွင် ပထမဆု ငွေကျပ်သိန်း၁၀၀၊ သရဖူနှင့်   တခြားအကျိုးခံစားခွင့်များ၊ ဒုတိယဆု ငွေကျပ် သိန်း ၅၀၊ တတိယဆု ငွေကျပ် သိန်း ၃၀ နှင့် တခြား Titelဆုများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ ၀င်ရောက် ယှဉ်ပြိုင်လိုသူများအနေဖြင့် အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြား အိမ်ထောင်မရှိသူ  အပျိုဖြစ်ရမည်ဖြစ်သည်။ အရပ် ၅ ပေ ၄ လက်မ ရှိရမည်ဖြစ်ပြီး ပညာအရည်အချင်း အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်း  အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။