ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါပိုးတွေ့လူနာ  ၆ဝ၆ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၇

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန် ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့လူနာ ၆ဝ၆  ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း သိရသည်။

(၂၆-၁၂-၂ဝ၂ဝ) ရက်  ဓာတ်ခွဲ စစ်ဆေးမှုများတွင်  တွေ့ရှိခဲ့သော  ဓာတ်ခွဲအတည်ပြုလူနာ ၇၃၄ဦး၏ မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၆-၁၂-၂ဝ၂ဝ)ရက်   ည ၈နာရီမှ (၂၇-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆၆ဝ၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ   COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၆ဝ၆ဦးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။