ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခွင့်ရ

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအနေ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  ထိုးခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံမှုသည် ပထမအကျော့အနေဖြင့်  ကျန်းမာရေး ဝန်ထမ်းများကို ဦးစားပေးထိုး ပေးခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်ကထုတ်ပြန် ထားသည်။

အဆိုပါကာကွယ်ဆေးထိုးမှုကို ယိုကိုတာလေတပ်အခြေစိုက်စခန်း၌ ဒီဇင်ဘာ  ၂၈ရက်တွင် စတင်ခြင်းဖြစ် ကြောင်း နှင့်  ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ အတွက်  ကာကွယ်ဆေးခွဲတမ်း အဖြစ်  ဆေးအလုံး ပေါင်း ၈ဝဝဝ ကို ပြီးခဲ့သည့် သီတင်းပတ် တွင် လက်ခံရရှိထားကြောင်း  စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက   ဒီဇင်ဘာ ၂၉  ရက်တွင်ပြောသည်။

ထို့ပြင် အမေရိကန်အစိုးရနှင့် မိတ်ဖက် ကုမ္ပဏီများ အနေဖြင့်  ဖိုင်ဇာကုမ္ပဏီ ထုတ် ကာကွယ်ဆေးများနှင့်  မော်ဒန်နာ ကုမ္ပဏီ ထုတ်ကာကွယ်ဆေး စုစုပေါင်း ၄ ဒသမ ၆၇ သန်းကို    ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။