မလေးရှားတပ်မတော် ဆိုက်ဘာတိုက်ခိုက်ခံရ

ကွာလာလမ်ပူ၊ ဆိုက်ဘာတိုက်ခိုက်မှု

မလေးရှားတပ်မတော်အနေဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုကိုခံရကြောင်း   ကာကွယ်ရေး ဦးစီးချုပ် အဖန်ဒီဘောင်းက ဒီဇင်ဘာ ၂၉ ရက်တွင်အတည်ပြုပြောသည်။

ဆိုက်ဘာတိုက်ခိုက်မှုကို ခံရသည်မှာ မလေးရှားတပ်မတော်နှင့် သက်ဆိုင်သော အချက်အလက်များရှိရာ ကွန်ရက်ဖြစ် ကြောင်းသိရသည်။

ထို့ကြောင့် ဆိုက်ဘာတပ်ဖွဲ့များဖြစ်သည့် ဆိုက်ဘာနှင့်   လျှပ်စစ်သံလိုက်လှိုင်းဌာန၊ ဆိုက်ဘာတိုက်ခိုက်မှု ကာကွယ်ရေး စစ်ဆင်ရေး ဌာနတို့က အရေးကြီးသောအချက်အလက် များဖုံးကွယ်ရန်နှင့် တပ်မတော်၏ကွန်ရက် ကိုကာကွယ်ရန်   လမ်းကြောင်းပြောင်းလဲ ဆောင်ရွက်မှုများလုပ်ဆောင်ထားကြောင်း ကာကွယ်ရေးဦးစီးချုပ်က   ဆက်ပြောသည်။

ယခုပြုလုပ်သည့်  ဆိုက်ဘာတိုက်ခိုက် မှုကြောင့်    ကြီးကြီးမားမားဆုံးရှုံးမှုမရှိ ကြောင်းနှင့် ကွန်ရက်ပြင်ပရှိ အရေး မကြီး သောအရာများသာဖြစ်ကြောင်း   ၎င်းကဆိုသည်။

မလေးရှားတပ်မတော်နှင့်ကာကွယ်ရေး ဝန်ကြီးဌာနသည် ဆိုက်ဘာတိုက်ခိုက်မှုကို မကြာခဏ ခံစားနေရပြီး ဆိုက်ဘာ တပ်ဖွဲ့များအနေဖြင့် မဟာဗျူဟာမြောက် ကာကွယ်ရေး ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများကို ဆက်လက် ကာကွယ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က  ပြောသည်ဟု သိရသည်။