ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အသတ်ခံရသည့် သတင်းထောက် စုစုပေါင်း  အယောက် ၅ဝ ရှိ

ပဲရစ်၊ မှုခင်း

ယခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ အသတ်ခံရသည့် သတင်းထောက် စုစုပေါင်း အယောက် ၅ဝ ရှိကြောင်းနှင့် သတင်း ထောက်များ အသတ်ခံရသည့် နိုင်ငံအများစုမှာလည်း စစ်ဖြစ်နေသည့်နိုင်ငံများမဟုတ်ကြောင်း  နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ဒီဇင်ဘာ ၂၉ ရက်တွင်ထုတ်ပြန်သည်။

အထူးသဖြင့်    ကြိုတင်ကြံစည်သော မှုခင်းများ၊   အကျင့်ပျက်ခြစားမှုများနှင့် သဘာဝ ပတ်ဝန်းကျင် အရေး ဆိုင်ရာ ကိစ္စများကို အဓိကထား စုံစမ်းထောက်လှမ်းသည့် သတင်းထောက်များ အသတ်ခံရခြင်းဖြစ်သည်။ သတင်း ထောက် အများဆုံးအသတ်ခံ ရသည့် နိုင်ငံများမှာ မက္ကဆီကို၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ တို့ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း  အသတ်ခံရသည့် သတင်းထောက်များအနက် ကြိုတင်ကြံစည်ပစ်မှတ်ထားအသတ်ခံရမှုက ၄၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းမြင့်တက် လာကြောင်းတွေ့ရ သည်။

မက္ကဆီကိုနိုင်ငံတွင် သတင်းထောက် အများဆုံးအသတ်ခံရပြီး စုစုပေါင်းရှစ်ဦးရှိကြောင်း၊ အဓိကအားဖြင့်   နိုင်ငံရေး သမား များနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုများဆက်စပ် မှုကြောင့်ဖြစ်ကြောင်း၊   ယခုကဲ့သို့စုံစမ်း ထောက် လှမ်းသော   သတင်းထောက်များ သည် တကယ်တမ်းတွင် နိုင်ငံရေးသမား များနှင့်စီးပွားရေးသမားများ၏ မျက်စိစပါး မွေးစူးခံရသူများဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှစာတည်းမှူးချုပ် ပေါလင်း အာဒက်မီဗယ်ကပြောသည်။