တရုတ်-ရုရှားဆက်ဆံရေးကို မည်သူမျှမဖျက်ဆီးနိုင်ဟု ရှီကျင့်ဖျင်နှင့်ပူတင်ကတိပြု

ပေကျင်း၊ နိုင်ငံရေး

တရုတ်နှင့်ရုရှားနိုင်ငံတို့ကြားရှိ နှစ်နိုင်ငံဆက်ဆံ ရေးကို မည်သူကမျှမဖျက်ဆီးနိုင်ကြောင်းနှင့် ခိုင်မာ လျက်ရှိ ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင်တို့က ကတိပြုသည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာပဋိပက္ခ များကို အတူတကွကျော်လွှားသွားမည်ဖြစ်ကြောင်း  ရှီကျင့်ဖျင်က ဒီဇင်ဘာ ၂၈ ရက်ညတွင် ပူတင်နှင့် ဖုန်းပြောစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ရှီကျင့်ဖျင်နှင့်ပူတင်တို့၏ကတိပြုမှုက အမေရိကန် သမ္မတအသစ်အနေဖြင့် မည်သည့်မူဝါဒများကို ချမှတ် သည်ဖြစ်စေ ¤င်းတို့နှစ်နိုင်ငံကြား ဆက်ဆံ ရေးက ပိုမိုခိုင်မာလာမည်သာဖြစ်ကြောင်း ရည်ညွှန်း ခြင်းဖြစ်သည်။

တရုတ်- ရုရှားဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေပြောင်းလဲမှုကြောင့် သို့မဟုတ် တတိယ နိုင်ငံ၏ကြား ဝင်စွက် ဖက်မှုကြောင့် ပြောင်းလဲမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံကြားရှိ ခိုင်မာသောမဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုက နှစ်နိုင်ငံ အပေါ်ဖိနှိပ်မှုနှင့် ခွဲခြားမှုတို့ကို တွန်းလှန်နိုင်မည်ဖြစ်ကြောင်း ရှီကျင့်ဖျင်၏ပြော ဆိုချက်ကို ကိုးကား၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်၏ကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စရပ်များ အပေါ်တုံ့ပြန်ရာတွင် အမေရိကန်နှင့်စိတ်တူကိုယ် တူရှိသော မိတ်ဖက်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများ အနေဖြင့်  ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် သမ္မတလောင်း ဂျိုးဘိုင်ဒင်က တောင်းဆိုပြီးနောက် ရှီကျင့်ဖျင်၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူ အိမ်နီးချင်းနှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင်  ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သောအနေအထား သို့ ရောက်ရှိလာပြီဖြစ်ကြောင်းနှင့် မည်သည့်ဘေး ပယောဂကမျှ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်စေမည်မဟုတ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရေးဒန်နီ ဆော့ က ဒီဇင်ဘာ ၂၉ ရက်တွင်ပြောသည်။