ဇန်နဝါရီ ၁ ရက်မှစ၍ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ နယ်နိမိတ်စတင်ပိုင်းခြား

၂၀၂၁ ခုနှစ် ဇန်နဝါရီ ရက်မှစ၍ ဗြိတိန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကြား  နယ်နိမိတ် စတင်ပိုင်းခြားပြီဖြစ် ကြောင်းသိရသည်။

ထိုသို့ပိုင်းခြားလိုက်သည့်အတွက် ဗြိတိန်နိုင်ငံသားများ အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအတွင်းသို့  တံခါးမရှိ၊  ဓားမရှိ ဝင်ထွက်ခွင့် ရရှိတော့မည် မဟုတ်ကြောင်းနှင့် ဗြိတိန်နိုင်ငံကလည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ  နိုင်ငံသားများကို အလားတူ ဆက်ဆံသွားမည် ဖြစ်သည်။

သို့သော် ဥရောပသမဂ္ဂရှိ ဗြိတိန်နိုင်ငံသားများနှင့် ဗြိတိန်နိုင်ငံ အတွင်းရှိ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံသားများမှာမူ လက်ရှိအတိုင်း ဆက်လက်နေထိုင်ခွင့်ရမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ကပ်ရောဂါကြောင့်  အသွားအလာများကို တားမြစ်ထိန်းချုပ်ထားသော်လည်း  အကယ်၍ နယ်စပ်များကို ပြန်ဖွင့်နိုင်ပါက နှစ်ဖက်စလုံးမှ ခရီးသွားများအနေဖြင့်  ဗီဇာကင်းလွတ်ခွင့်ဖြင့်   အပြန်အလှန် သွားရောက်လည်ပတ်နိုင်မည် ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ ဗြိတိန်နိုင်ငံသို့ လာမည့် ကျောင်းသားများ အနေဖြင့်မူ ခြောက်လအထက် သင်တန်းများအတွက် ဗီဇာလိုအပ်မည်ဖြစ်ပြီး  ကျောင်းလခများကို ကြိုတင်ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။               

         Ref: CNA