နှာရိန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်၊ နှာရိန်မြို့တိုက်နယ်ဆေးရုံသို့ COVID-19 aရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများလှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၆

   

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှာရိန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဟားခါး တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့်အဖွဲ့ဝင်များက အဆိုပါမြို့ရှိ၊ တိုက်နယ်ဆေးရုံ၌ သွားရောက်တွေ့ဆုံသည်။

   

တွေ့ဆုံရာတွင် တပ်နယ်မှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့်မိသားစုဝင်များ အား ကြက်ဥ၊ နို့ဆီနှင့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ပြင် နယ်မြေခံဆေးကုသရေး အဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

   

ဆက်လက်၍ တပ်နယ်မှူးနှင့်အဖွဲ့ဝင်များသည် နှာရိန်မြို့တိုက်နယ်ဆေးရုံအတွက် တပ်မတော်ကလှူဒါန်းသည့်  COVID-19  ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သော  Personal Protective Equipment(PPE)  ဝတ်စုံ ၁၀ စုံ၊ Mask 100   ခု၊ Face Shield  ၁၅ ခုနှင့် Hand Gel ဘူးများကို ပေးအပ်ရာ ဆေးရုံမှကျန်းမာရေးဝန်ထမ်း များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။