ချင်းရွှေဟော်မြို့ဈေးအနီး ချင်းရွှေဟော်-လောက်ကိုင်သွားကားလမ်းပေါ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများ ဖမ်းဆီးရမိ

နေပြည်တော်   သြဂုတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချင်းရွှေဟော်မြို့ ဈေးအနီး ချင်းရွှေဟော်-လောက်ကိုင်သွား ကားလမ်းပေါ်၌ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ယနေ့နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် ချင်းရွှေဟော်ဈေးအတွင်းမှ လမ်းလျှောက် လာသော မောင်မြိုင်(ဘ) ဦးတင်အောင်နှင့် နေမင်းသူ(ဘ) ဦးညီခင်တို့ကို စစ်ဆေးရှာဖွေရာ မောင်မြိုင် ကိုင်ဆောင် လာသော ကြွပ်ကြွပ်အိတ်အတွင်းမှ WY စာတန်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ချင်းရွှေဟော်နယ်မြေရဲစခန်း သို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။