ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ သြဂုတ် - ၁၇

  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များကို ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက ဖယ်ခုံမြို့ရှိ နယ်မြေခံ တပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။