ဒေါ်နယ်ထရမ့်ကြောင့် အကျိုးအမြတ် ကြီးကြီးမားမား ရရှိခဲ့သည့် အစ္စရေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင် အရှေ့အလယ်ပိုင်း အရေးကိစ္စများ၌ အမေရိကန်တို့ ပါဝင်ပတ်သက်မှု နည်းသွားလိမ့်မည်ဟု ၂၀၁၆ ခုနှစ် ကတည်းက နိုင်ငံတကာပညာရှင်များ ခန့်မှန်းထားကြသည်။ သို့သော်လည်း ၂၀၁၇ ခုနှစ်တွင် ထရမ့် အိမ်ဖြူတော်သို့ရောက်ပြီး မကြာမီမှာပင် ဆော်ဒီအာရေဗျသို့   ပထမဆုံးသွားရောက်ခဲ့သည့်အတွက်  ပညာရှင်များ၏ ခန့်မှန်းချက်များမှာ  မမှန်တော့ဟု  ယူဆခဲ့ကြ သည်။

အမှန်တကယ်လည်း ထရမ့်က ရုရှားနှင့်ဆက်ဆံရေး ကောင်းမွန်စေရန် ဦးစားပေးခဲ့ပြီး အာရှ-ပစိဖိတ်ဘက်၌ တရုတ်နှင့် စစ်ရေးအရရော စီးပွားရေးအရပါ အားပြိုင်မှုများကို    အရှိန်အဟုန် မြှင့်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ထရမ့်၏ လေးနှစ်တာကာလကို ကြည့်မည်ဆိုလျှင်   အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်တို့၏ အခန်းကဏ္ဍက   ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ    ဒေသတွင်းပြိုင်ဘက်များကို လက်နက်ရောင်းချခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်း များသာ အဓိကထား ပြုလုပ်ခဲ့သည်။

အီရန်ကို  ထိန်းချုပ်နိုင်ရေး  ဆော်ဒီအာရေဗျသို့ စစ်လက်နက်ပစ္စည်းတင်ပို့ရန်   အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တန်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး သန်းပေါင်းများစွာသော အာရပ်တို့ မကျူးကျော်နိုင်သည့် လူဦးရေ ၁၀ သန်းပင်မပြည့်သော အစ္စရေးကို ဂျက်တိုက်လေယာဉ်များ  ရောင်းချခဲ့သည်။  ဒေသတွင်းပြိုင်ဘက်များကြား  အမြတ်ထွက်စေရန် ထရမ့်က ဆောင်ရွက်နိုင်ခဲ့ပြီး   အီရန်ကို  ဒေသတွင်းပြိုင်ဘက်များဖြင့် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် လမ်းကြောင်း ချပေးခဲ့သည်။

ယခုလည်း   အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) နှင့် အစ္စရေးတို့ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ရေးအတွက် ထရမ့်က ကြားဝင်ညှိနှိုင်းပေးနေပြန်သည်။  အာရပ်နှင့် ဂျူးတို့သည် သမိုင်းနှင့်ချီသော ရန်သူတော်များဖြစ်ပြီး    ဆွန်နီမွတ်စလင်များနှင့် ရှီးယိုက်မွတ်စလင်များက   ဂျူးတို့ကို တိုက်ခိုက်ရန် သွေးစည်းခဲ့ကြဖူးသည်။

ထို့ကြောင့် အာရပ်နှင့်ဂျူးတို့ သွေးချောင်းစီးစစ်ပွဲများ  ကြိမ်ဖန်များစွာ ဖြစ်ခဲ့ကြသည်။  ဆော်ဒီအာရေဗျဆိုလျှင် ဂျူးတို့ကို အမြစ်ဖြတ်ချေမှုန်းရန် လူအင်အား၊ လက်နက်အင်အားများ ပံ့ပိုးပေးပြီး ကြိုးပမ်းခဲ့သကဲ့သို့ အီရန်ကလည်း နျူကလီးယား လက်နက်သာ ပိုင်ဆိုင်ခဲ့လျှင် အစ္စရေးကို ကမ္ဘာ့မြေပုံပေါ်မှ ဖျောက်ပစ်မည်ဟု ပြတ်ပြတ်သားသား ကြုံးဝါးထားသည်။

သို့သော်လည်း  ယခုအခါ ဆွန်နီမွတ်စလင်နိုင်ငံများနှင့် ဂျူးတို့၏ ဆက်ဆံရေး နွေးထွေးလာကာ တရားဝင် သံတမန် ဆက်ဆံရေးဆီသို့ပင် ဦးတည်နေပြီဖြစ်သည်။ အာရပ်ကမ္ဘာကို ဦးဆောင်သည့်   အဓိကနိုင်ငံနှစ်နိုင်ငံအဖြစ် ကနဦးက ဆော်ဒီအာရေဗျနှင့် အီရန်ဟု သတ်မှတ်ထားခဲ့သော်လည်း  ၂၀၁၅  ခုနှစ်နောက်ပိုင်းတွင် အာရပ်ဦးဆောင် နိုင်ငံတစ်နိုင်ငံအဖြစ်    UAE    က လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။

နယူးယောက်တိုင်း သတင်းစာ၌  အာရပ်ကမ္ဘာကို ဦးဆောင်သူမှာ ဆော်ဒီအာရေဗျ၏  အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန် (MBS) မဟုတ် တော့ဘဲ UAE ၏ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဇာရစ် (MBZ) ဟု ဖော်ပြခဲ့သည်။ ယင်းမှာ ၂၀၁၈ ခုနှစ်တွင့်ဗန  အိမ်ရှေ့မင်းသားဇာရစ်က အမေရိကန်သို့  ရောက်ရှိလာပြီး  ဘီလီယံနှင့် ချီသော  စစ်လက်နက်ပစ္စည်းများကို  ဈေးဝယ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင့် UAE နှင့် အမေရိကန်တို့ ပူးပေါင်း၍ UAE မြေပေါ်၌ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရန် သဘောတူစာချုပ်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး  ယင်းအချက်က ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား  မိုဟာ မက်ဘင်ဆယ်မန်   (MBS) မလုပ်နိုင်ခဲ့သည့်အချက် ဖြစ်သည်။  ထိုအချိန်ကတည်းက UAE အိမ်ရှေ့ မင်းသားဇာရစ်က ကိုယ်ပိုင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ပြီး  ရေရှည်အရှေ့အလယ်ပိုင်းဒေသ လွှမ်းမိုးရေးဘက်ကို  ရှုမြင်ခဲ့သော်လည်း ဆော်ဒီအာရေဗျတို့က ယခုအချိန်ထိ  စစ်လက်နက်ပစ္စည်းများကို   ဘီလီယံ ရာချီနီးပါး ဝယ်ယူနေဆဲဖြစ်သည်။

ကမ္ဘာပေါ်၌ လက်နက်အများဆုံး ဝယ်ယူတင်သွင်းသည့်နိုင်ငံမှာ  အိန္ဒိယနိုင်ငံဖြစ်သော်လည်း  ၂၀၁၇  ခုနှစ်နှင့်  ၂၀၁၈  ခုနှစ်တို့တွင်  ဆော်ဒီအာရေဗျက အိန္ဒိယကိုကျော်၍ ဘီလီယံ ၈၀ နီးပါးရှိသော စစ် အသုံးစရိတ်ထဲမှ  အများစုကို  ပြည်ပမှ  လက်နက် တင်သွင်းရာတွင် အသုံးပြုခဲ့သည်။  ယခုအခါ UAE  က  အင်္ဂါဂြိုဟ်လေ့လာရေး ဂြိုဟ်တုကိုပင်  ကိုယ်ပိုင် လွှတ်တင်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီး တဖြည်းဖြည်းနှင့်   MBZ က  MBS ထက်  အမှန်တကယ် ကျော်တက်လာနိုင်ပြီ ဖြစ်သည်။

ထို့ကြောင့်  ဆော်ဒီအာရေဗျနှင့်  အစ္စရေးတို့ကို ရင်ကြားစေ့ပေးရန်   ကြိုးပမ်းခဲ့သော  အမေရိကန်က နောက်ပိုင်းတွင် UAE နှင့် အစ္စရေးတို့ကို ရင်ကြားစေ့ပေးရန်သာ ပိုမိုအလေးပေး ဆောင်ရွက်ခဲ့ပြီး ယခုအခါ ခရီးအတော်ရောက်နေပြီ ဖြစ်သည်။ သြဂုတ်  ၁၃ ရက်က  အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်၊  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့့်ဗန အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဇာရစ်တို့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထူထောင်ရေး၊ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးနှင့် လက်ရှိ ဖြစ်ပေါ်နေသော   ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ COVID-19 ရောဂါကာကွယ်ဆေး ပူးတွဲထုတ်လုပ်ရေးတို့ကို သဘောတူညီခဲ့ကြသည်။

ထိုအချက်က အီရန်အတွက် အဆိုးရွားဆုံးထိုးနှက် ချက်တစ်ခုဖြစ်ခဲ့ကာ့ဗန ကို သစ္စာဖောက်အဖြစ် အီရန်တို့ ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း အများစု သတိမထားမိသည်က ဆော်ဒီအာရေဗျတို့ထံမှ မည် သည့်ကန့်ကွက်သံမျှ ထွက်မလာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်ကတည်းက   ထွက်ပေါ်ခဲ့သော   သတင်းအရ အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့ လျှို့ဝှက်သံတမန်ဆက်ဆံရေး ထူထောင်ထားခဲ့သည်ဟု သိရသည်။

လက်ရှိအခြေအနေအတိုင်းဆိုလျှင် ထိုသတင်းက မှန်ကန်သည်ဟုဆိုရမည်ဖြစ်သည်။ ဆော်ဒီအာရေဗျ နှင့့်ဗန သည် ယီမင်ပြည်တွင်းစစ်အတွင်း ဟူသီတို့ကို လက်တွဲတိုက်ခိုက်နေသူများ ဖြစ်သည့်အပြင် နောက်ပိုင်းတွင်  အရှေ့အလယ်ပိုင်း ရေးရာများနှင့် ပတ်သက်လျှင်  ထိုနှစ်နိုင်ငံက  ရှေ့ဆုံးမှ ဦးဆောင်လာသည်။

အစ္စရေးတို့ အတွက်ကတော့ ထရမ့်လက်ထက်ရောက်မှ အကောင်းမွန်ဆုံး အကျိုးအမြတ်ရနေသည်ဟု ဆိုရမည်ဖြစ်သည်။ တဲလ်အဗစ်အစား ဂျေရုဆလင်ကို   အစ္စရေး၏မြို့တော်အဖြစ်    ကုလသမဂ္ဂနှင့် အတိုက်အခံလုပ်ပြီး ထရမ့်က ပြောင်းလဲသတ်မှတ်ခဲ့ကာ  သြစတြေးလျကလည်း ၎င်းင်းတို့၏သံရုံးကို ဂျေရု ဆလင်သို့ ပြောင်းရွှေ့ ခဲ့သောကြောင့် ယခုအစ္စရေး၏ မြို့တော်က ကုလသမဂ္ဂက တရားဝင်မသတ်မှတ်သေးလည်း ဂျေရုဆလင်ဖြစ်နေပြီ ဖြစ်သည်။ ထို့ပြင် အာရပ်ကမ္ဘာကို ဦးဆောင်နေသည့် နိုင်ငံနှစ်နိုင်ငံနှင့်လည်း ကောင်းမွန်သည့်ဆက်ဆံရေး ရရှိနေပြီဖြစ်ရာ အစ္စရေးအတွက်   ဒေါ်နယ်ထရမ့်ကြောင့်  အကျိုးအမြတ် ကြီးကြီးမားမား ရရှိနေပြီ ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။                      

Ref;CNN