ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး 

နေပြည်တော်၊ သြဂုတ် - ၁၈

Covid-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံ တက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ကချင်ပြည်နယ်၊ မိုးမိတ်မြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ မိုင်းဖြတ်မြို့၊ တာလေမြို့နှင့် မိုင်းတုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ ရေးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြား ရေးနှင့်အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဟိုင်းကြီးကျွန်း မြို့နှင့် သာပေါင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ကျောက်ဆည် မြို့နယ်နှင့် မိတ္ထီလာမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ မကွေးတိုင်းဒေသကြီး၊ သင်ကြားရေးဆေးရုံ၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံနှင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နှင့် ပြည်မြို့တို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၊ မြို့လှမြို့၊ တိုက်နယ်ဆေးရုံ၊ အင်းမမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သား များနှင့် မိသားစုဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထို့ပြင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စားရေးအထောက်အကူ ဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက စားသောက်ကုန် ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်း ဟင်းများကို ရောင်းချပေးခဲ့သည်။

   

ထိုသို့ရောင်းချရာတွင် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံ ထုတ်စားသောက်ကုန် ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။