အာရှတိုက်သားများနှင့်လူမည်းများ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးနိုင်ခြေပိုများဟုဆို

မော်စကို၊ ကျန်းမာရေး

အာရှတိုက်သားများနှင့် လူမည်းများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးနိုင်ခြေပိုများကြောင်း မကြာသေးမီကပြုလုပ်သော လေ့လာမှုတစ်ရပ်အရ သိရသည်။

လန်ဒန်မြို့ရှိ ကွင်းမယ်ရီတက္ကသိုလ်နှင့် Barts Health NHS Trust မှသုတေသနပညာရှင်အဖွဲ့သည် လူမည်းများ၊ အာရှတိုက်သားများနှင့် လူနည်းစုမျိုးနွယ်စုများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုရလဒ်များကို အသေးစိတ်လေ့လာမှုလုပ်ရန် လူနာ ၁၇၃၇ ဦးကို သုတေသနပြုပြီးနောက် ထိုရလဒ်များကို ထုတ်ပြန်ခြင်း ဖြစ်သည်။

သုတေသနပညာရှင်များသည် ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ ရက်နှင့် မေ ၁၃ ရက်ကြားတွင် Barts Health NHS Trust ရှိ အရေးပေါ်ကုသရေးဆေးရုံငါးခုသို့တက်ရောက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အသက် ၁၆ နှင့်အထက် လူနာအားလုံး၏ အချက်အလက်များကို လေ့လာခြင်း ဖြစ်သည်။

လေ့လာမှုတွင်ပါဝင်သူများအနက် ၅၃၈ ဦး (၃၁ ရာခိုင်နှုန်း)မှာ အာရှဒေသမှဖြစ်ပြီး ၃၄၀ (၂၀ ရာခိုင်နှုန်း)မှာ လူမည်းများဖြစ်ကာ ၇၀၇ဦး (၄၀ ရာခိုင်နှုန်း)မှာ လူဖြူများ ဖြစ်သည်။ ၎င်းင်းတို့အနက် လူနာ ၅၁၁ ဦး (၂၉ ရာခိုင်နှုန်း)မှာ ရောဂါဖြစ်ပွားပြီး ရက် ၃၀ အကြာတွင် သေဆုံးကြောင်း လေ့လာမှုများအရ တွေ့ရသည်။ လူဖြူများနှင့်နှိုင်းယှဉ်ပါကလူနည်းစုမျိုးနွယ်စုဝင်များမှာ ငယ်ရွယ်ပြီးသန်မာသူများဖြစ်ကြောင်း သုတေသီများ ကတွေ့ရှိ သည်။

အလားတူ အထူးကြပ်မတ်ကုသမှုခံယူနိုင်ခြေနှင့် အသက်ရှူကိရိယာကူရနိုင်ခြေတွင် လူဖြူများနှင့် နှိုင်းယှဉ် ပါက အာရှတိုက်သားများနှင့်လူမည်းများက ၁ ဒသမ ၅၄ ရာခိုင်နှုန်းနှင့် ၁ ဒသမ ၈ ရာခိုင်နှုန်းစီ အသီး သီးများပြားကြောင်းသိရသည်။

ထို့ပြင် သေဆုံးနိုင်ခြေတွင် အာရှတိုက်သားများက ၁ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် လူမည်းများက ၁ ဒသမ ၃ ရာခိုင်နှုန်းပိုများကြောင်း သုတေသီများ၏ ထုတ်ပြန်ချက်အရ သိရသည်။         

Ref: Sputnik