သြစတြေးလျက ဒေါ်လာ ၁ ဘီလီယံသုံးပြီး ရေတပ်ကို စစ်လက်နက် အသစ်များဖြင့် အဆင့်မြှင့်တင်မည်

သြစတြေးလျအစိုးရအနေဖြင့် ဒေါ်လာ ၁ ဘီလီယံကိုအသုံးပြုပြီး   ရေတပ်ကို စစ်လက်နက် အသစ်များဖြင့် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်လက်နက်အသစ်များတွင် တာဝေးပစ်ဒုံးကျည်များနှင့်တော်ပီဒိုများလည်း ပါဝင်ကြောင်း သြစတြေးလျ အစိုးရ က ဇန်နဝါရီ ၂၅ ရက်တွင်  ထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့် ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဆင့်မြင့်တာဝေးပစ်ဒုံးကျည်များ၊ ထိရောက်မှု အကွာအဝေးမြှင့်တင်ထားသည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ အဆင့်မြင့်အပေါ့စားတော်ပီဒိုများနှင့်  ရေပြင်မှမြေပြင်ပစ်ဒုံးကျည်များဖြင့် ရေတပ်ကို အဆင့်မြှင့်တင်ရန် စီစဉ်ထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့  အဆင့်မြှင့်တင်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး   လင်ဒါရေးနိုးကပြောသည်။ ယခုအသုံးပြုမည့် အသုံးစရိတ်သည်   ယခုဘဏ္ဍာနှစ်၏ ကာကွယ်ရေး

အသုံးစရိတ်မှ ရယူခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေါ်လာ ၁ ဘီလီယံအသုံးပြုပြီး အဆင့်မြှင့်တင်သွားမည့် လက်နက်များတွင် ကီလိုမီတာ ၃၇၀ အထိ ရောက်ရှိနိုင်သော သင်္ဘောဖျက်နှင့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ ကီလိုမီတာ ၁၅၀၀ အထိ ပစ်ခတ်နိုင်မည့် ရေပြင်မ ှမြေပြင်ပစ်ဒုံးကျည်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Ref: TST