ယခုရာစုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ သဘာဝ ဘေးအန္တရာယ်များကြောင့် လူပေါင်း ငါးသိန်းနီးပါးသေဆုံး

ယခုရာစုနှစ်အတွင်း  ကမ္ဘာတစ်ဝန်း၌ လွန်ကဲသောရာသီဥတုဖြစ်စဉ်နှင့် ဆက်စပ်နေသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူပေါင်း ငါးသိန်းနီးပါး သေဆုံးကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုက   လူသားများ၏ ရှင်သန်မှုကို   တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။

မုန်တိုင်းတိုက်ခြင်း၊   ရေကြီးခြင်းနှင့် အပူလှိုင်းဖြတ်ခြင်းတို့ကဲ့သို့   ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်နေသော ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးကြောင့်   ဖွံ့ဖြိုးဆဲနိုင်ငံများမှ သေဆုံးမှုဦးရေ အလွန်များပြားလာကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင်   ပြီးခဲ့သည့်နှစ် ၂၀ အတွင်း တစ်ကမ္ဘာလုံး၌ သဘာဝဘေးအန္တရာယ်ကြောင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၆ ထရီလီယံဆုံးရှုံးကြောင်း ရာသီဥတုပြုပြင်ပြောင်းလဲရေး ညီလာခံအစတွင်   ဂျာမနီသုတေသန အဖွဲ့တစ်ဖွဲ့က ပြောသည်။

လေ့လာဆန်းစစ်ချက်များအရ   ယခုရာစုနှစ်အတွင်း သဘာဝဘေးအန္တရာယ်၏ သက်ရောက်မှုဒဏ်ကို အဆိုးဆုံးခံစားရ သည့်နိုင်ငံများတွင် ပေါ်တိုရီကို၊ မြန်မာနှင့် ဟေတီနိုင်ငံတို့ပါဝင်နေကြောင်းနှင့် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်   စုစုပေါင်း ၁၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ အယောက်ပေါင်း ၄၈၀၀၀၀ ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ပဲရစ်ရာသီဥတုသဘောတူစာချုပ်အရ ဆင်းရဲသောနိုင်ငံများ၌ အပူချိန်မြင့်တက်မှုနှင့်  ရာသီဥတုပြောင်းလဲမှုကို ပြင်ဆင်ရေးအတွက် ကူညီထောက်ပံ့သွားရန် ချမ်းသာသောနိုင်ငံများက   နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ကြောင်း သိရသည်။သို့သော် ရာသီဥတုပြောင်းလဲမှုအတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ အမှန်တကယ်ထောက်ပံ့ပေးနိုင်သည့်ငွေပမာဏမှာ အလွန်အမင်းနည်းပါးလာကြောင်း မကြာသေးမီက ပြုလုပ်သည့် လေ့လာချက်အရ သိရသည်။

Ref: TST