အူဘာမီယန်းကို တစ်ပတ်လစာ ပေါင် ၂၅၀၀၀၀ ပေးပြီး သုံးနှစ်စာချုပ် သက်တမ်းတိုးရန် သဘောတူ

အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် တိုက်စစ်မှူး   အူဘာမီယန်းကို  တစ်ပတ်လစာ ပေါင် ၂၅၀၀၀၀ ပေးပြီး သုံးနှစ်စာချုပ် သက်တမ်းတိုးရန် နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ရာသီကြိုလေ့ကျင့်ခန်း ပြန်ဆင်းလျှင် အူဘာမီယန်း ရောက်လာပါက   တရားဝင်စာချုပ်ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ၂၀၁၇ ခုနှစ်က ခေါ်ယူခဲ့သည့်   ဘောလုံးရေးရာ အကြီးအကဲ ဆန်လဲဟိုင်၏ အပြောင်းအရွှေ့ လှုပ်ရှားမှုများတွင် လိုင်လီအသင်းမှ နီကိုးလပ်စ်ပီပီကို ပေါင် ၇၂ သန်းအထိပေး၍ ခေါ်ခဲ့ခြင်းမှာ ထိုက်တန်မှုမရှိဟု သုံးသပ်ထားရာ ဆန်လဲဟိုင်သည် သြဂုတ် ၁၅ ရက်က ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဆန်လဲဟိုင် မရှိတော့သည့်နောက် အူဘာမီယန်း ကို စာချုပ်သက်တမ်းတိုးနိုင်ရန် အသင်းအကြီးအကဲများက စည်းရုံးနိုင်ခဲ့ပြီး လိုင်လီအသင်းမှ ဗဟိုခံစစ်မှူး ဂါဘရီရယ်မာဂယ်ဟေးစ်ကိုပါ ခေါ်ယူနိုင်ရန် အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆန်လဲဟိုင်လက်ထက် ကစားသမားခေါ်ယူမှုများတွင် အောင်မြင်မှုမရှိသည့်အတွက် ထိုနေရာ၌ နာမည်ကြီးဥပဒေ အကြံပေးအဖွဲ့ ကလစ်ဖို့ဒ်ချန့်စ်မှ ရှေ့နေလူးဝစ်ကို အစားထိုးခန့်အပ်ခဲ့ကာ အပြောင်းအရွှေ့နှင့် စာချုပ်သက်တမ်းတိုးရေး ကိစ္စရပ်များကို ကိုင်တွယ်ရန် အသင်းပိုင်ရှင် ခရိုယန်ကီက တာဝန်ပေးခဲ့ကြောင်း သိရသည်။  

 Ref:Mirror