နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိ အမွေးထူကြံ့တစ်ကောင်၏ ပကတိနီးပါးရှိ ရုပ်အလောင်းကို သိပ္ပံပညာရှင်များတွေ့ရှိ

သိပ္ပံပညာရှင်များသည် နှစ်ပေါင်း ၂၀၀၀၀ သက်တမ်းရှိ  အမွေးထူကြံ့တစ်ကောင်၏ ပကတိနီးပါး  အကောင်းအတိုင်းရှိသော ရုပ်အလောင်းကို ဆိုက်ဘေးရီးယားဒေသရှိ ယာကူရှန်ကန္တာရမှ တွေ့ရှိကြောင်း  သိရသည်။

အဆိုပါ ရုပ်အလောင်းကို အသေးစိတ်လေ့လာနိုင်ရန် ယာကွတ်မြို့သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း   သတင်းဌာန

များက  ဇန်နဝါရီ ၂၆ ရက်တွင်  ဖော်ပြသည်။

အဆိုပါကြံ့၏ရုပ်အလောင်း ၈၀ ရာခိုင်နှုန်းမှာ    သဘာဝအတိုင်းရှိနေဆဲဖြစ်ကြောင်း၊  ကြံ့၏ အမွေးအမျှင်များ၊  သွား၊ ဦးချိုနှင့် ခန္ဓာကိုယ်ပြည့်ဖြိုးမှုမှာ ပုံမှန်နီးပါးကဲ့သို့ ရှိနေဆဲဖြစ်ကြောင်း    ရုရှားသိပ္ပံပညာရှင်များက Siberian Times သတင်းဌာနသို့ ပြောသည်။

ယာကူရှန်ကန္တာရ၏  အေးခဲနက်ရှိုင်းမြေလွှာတွင်ရှိနေသော    အဆိုပါကြံ့၏ ရုပ်အလောင်းကို ပြီးခဲ့သည့်နှစ် သြဂုတ်လ တွင်  တူးဖော်တွေ့ရှိခြင်းဖြစ်သော်လည်း ယခုလကုန်ပိုင်းမှသာ   ယာကွတ်မြို့သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြီးကောင်ပေါက် အမွေးထူကြံ့၏ အရွယ်အစားမှာ ၂၃၆ စင်တီမီတာရှည်ပြီး အရွယ်ရောက်ပြီး    ကြံ့ထက် တစ်မီတာနီးပါး

သေးငယ်ကြောင်း  ဒေါက်တာဂန်နာဒီဘို့စကိုရော့က Siberian Times သတင်းဌာနသို့ပြောသည်။  ယခုတူးဖော် တွေ့ရှိသော ကြံ့ရုပ်အလောင်း၏အရပ်မှာ ၁၃၀ စင်တီမီတာရှိပြီး အရွယ်ရောက်ပြီး ကြံ့ထက် ၂၅ စင်တီမီတာတိုကြောင်း သိရသည်။

အဆိုပါကြံ့သည်      မုဆိုးများလက်မှထွက်ပြေးစဉ် ရွှံ့ညွန်အတွင်း ပိတ်မိသေဆုံးခြင်း ဖြစ်သည်ဟု   သိပ္ပံပညာရှင်များက ယူဆထားသော်လည်း  သေဆုံးရသည့် အကြောင်းရင်း အတိအကျကိုမူ မသိရသေးကြောင်း သိရသည်။

Ref: Sputnik