လာဇီယိုနှင့် သတင်းထွက်ခဲ့သော ဒေးဗစ်ဆေးလ်ဗား ဆိုစီဒက်အသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

ယခုတစ်ပတ်အတွင်း မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီး  အသင်းမှထွက်ခွာခဲ့သော  စပိန်ဝါရင့်ကွင်းလယ် ကြယ်ပွင့် ဒေးဗစ်ဆေးလ်ဗားသည် စီးရီးအေကလပ် လာဇီယိုသို့  ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း  သြဂုတ် ၁၇ ရက်က စပိန်လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်သို့ နှစ်နှစ်စာချုပ်ဖြင့် ရုတ်တရက် ပြောင်းရွှေ့ခဲ့သည်။

လာဇီယိုအသင်းသည် ရာသီသစ်တွင် စီးရီးအေချန်ပီယံဆုအတွက် ရင်ဆိုင်ယှဉ်ပြိုင်ရန် ဆေးလ်ဗားကို ကမ်းလှမ်းထားသော်လည်း ဆိုစီဒက်အသင်းက အသက် ၃၄ နှစ်အရွယ် ဆေးလ်ဗားကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်နိုင်ကြောင်းနှင့် အသင်းတွင် မန်စီးတီး၌ ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် (၂၁) ကို ဝတ်ဆင်ကစားမည် ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

“ဆေးလ်ဗားကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း ဂုဏ်ယူစွာနဲ့ အတည်ပြု အသိပေးပါတယ်။ သူက အေးဂျင့်လက်မဲ့ ကစားသမားအဖြစ် ပြောင်းလာတာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်”ဟု ဆိုစီဒက်အသင်းက တွစ်တာတွင် ကြေညာခဲ့သည်။

Ref:AS