တရုတ်အစိုးရက နိုင်ငံသားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၂ ဒသမ  သန်း ထိုးပေးပြီးဖြစ်

တရုတ်အစိုးရသည် ၎င်း၏နိုင်ငံသား များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၂ ဒသမ ၈ သန်းအထိ ထိုးပေးထားပြီးဖြစ် ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင် ပြောသည်။

အစိုးရအနေဖြင့် ဖေဖော်ဝါရီလတွင် ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်မီ လူပေါင်းသန်း ၅၀ ခန့်ကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်ရွယ်ထားသည်ဟု နိုင်ငံပိုင် Global Time သတင်းဌာနက ထုတ်ပြန်ထားသည်။

ဆောင်းရာသီတွင် ဖြစ်ပေါ်လေ့ရှိသော  မည်သည့်ရောဂါဖြစ်ပွားမှုမျိုးကိုမဆို ကြိုတင်ကာကွယ်တားဆီးရန် ကြိုးပမ်းချက်အနေဖြင့် ဒီဇင်ဘာလလယ်မှစ၍ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်အရှိ ဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသူများအပါ အဝင် ဦးစားပေးအုပ်စုများအတွက် ၎င်းတို့၏ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို  ပိုမိုမြှင့်တင်လုပ်ဆောင်လာခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊  သယ်ယူပို့ဆောင်ရေးနှင့် အစားအသောက် ဝန်ဆောင်မှုပေးသူများ၊ အလုပ်သမားများနှင့် အိမ်ပြင်ထွက်၍ စာသင်နေရသည့်ကျောင်းသားများ ကို ဦးစားပေးအဆင့် သတ်မှတ်ချက်အနေဖြင့် ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားသည်။

အသက်ကြီးသူများနှင့် အခြားသောသူ များအနေဖြင့် ကာကွယ်ဆေးထိုးခွင့်ရရန် အနည်းငယ် စောင့်ဆိုင်းရဦးမည် ဖြစ်ကြောင်း သိရသည်။                 

Ref: CNA