အင်ဒိုနီးရှားနိုင်ငံရှိ မီရာပီမီးတောင်ပေါက်ကွဲမှု ဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံ   ဂျာဗားကျွန်းရှိ မီရာပီမီးတောင်သည် ဇန်နဝါရီ ၂၇ ရက်တွင်  ပေါက်ကွဲမှုဖြစ်ပွားကြောင်း   သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ကောင်း ကင်ပေါ်သို့ပြာများပျံ့လွင့်သွားပြီး ချော်ရည် ပူများမှာလည်း လမ်းပေါ်သို့စီးဆင်းလာ သည့်အတွက် တာဝန်ရှိသူများက သတိပေး ချက်ထုတ်ပြန်ထားရသည်။

အမြင့် ၂၉၆၃ မီတာရှိသည့် မီရာပီမီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၌ လှုပ်ရှားမှု အများဆုံး မီးတောင်များအနက် မီးတောင်

တစ်လုံးအဖြစ်ပါဝင်ပြီး  နိုင်ငံ၏ဒုတိယ အမြင့်ဆုံးသတိပေးချက် အမြဲတမ်းထုတ်ပြန် ထားရသည်။

ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းကတည်းက အဆိုပါမီးတောင်မှပြာများ အကြိမ် ၃၀ ခန့် ထွက်ပေါ်လာကြောင်းနှင့် တာဝန်ရှိသူများ သည် မီးတောင်အနီးရှိ လမ်းမများပေါ်သို့ ချော်ရည်ပူများ ဖြတ်သန်းလာနိုင်မှု အန္တရာယ်နှင့် ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ရကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံးမှုများ နှင့်ပတ်သက်၍ ချက်ချင်း ထုတ်ပြန်ထားခြင်း မရှိသော်လည်း ဒေသခံအချို့သည် နေအိမ်များကို စွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း ဒေသတွင်း  သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အင်ဒိုနီးရှား နိုင်ငံသည်  အခြားနိုင်ငံများထက် မီးတောင်ပေါများသည့် နိုင်ငံဖြစ်သည်။ ယခုပေါက်ကွဲမှုဖြစ်ပွားသော မီရာပီ

မီးတောင်သည် ၂၀၁၀ ပြည့်နှစ်ကလည်း အပြင်းအထန်ပေါက်ကွဲမှု ဖြစ်ပွားကြောင်းနှင့် မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၅၀ သေဆုံးကြောင်း သိရသည်။

Ref: TST